အင်ဒိုနီးရှားနိုင်ငံမှာ Bali-9 လို့ လူသိများခဲ့တဲ့ မူးယစ်ဆေးမှောင်ခိုဂိုဏ်းဝင် ၅ ယောက်ကို ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ပြီးနောက် သြစတြေးလျနိုင်ငံကို ဒီနေ့ပဲ ပြန်ပို့လိုက်ပါတယ်။
ဘာလီအပမ်းဖြေကျွန်းမှာ ဘိန်းဖြူ ၈ ကီလိုကျော် မှောင်ခိုတင်သွင်းဖို့ ကြိုးပမ်းမှုနဲ့ သြစတြေးလျနိုင်ငံသား ၉ ယောက်ကို ၂၀၀၅ ခုနှစ်မှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ၂ နိုင်ငံကြား ဆက်ဆံရေးမှာလည်း အဖုအထစ်တွေ ကြုံခဲ့ရတာပါ။ မူးယစ်ဆေးဝါးမှုတွေအတွက် ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ အင်ဒိုနီးရှားမှာ ဂိုဏ်းဝင် ၂ ယောက်ကိုတော့ သေဒဏ်စီရင်ချက်ချမှတ်ထားပြီး၊ ပစ်သတ်စီရင်ခံရမှာ ဖြစ်သလို ကျန်တဲ့သူတွေဟာလည်း ကြီးလေးတဲ့ ထောင်ဒဏ်တွေ ကျခံခဲ့ကြရပါတယ်။
သြစတြေးလျနိုင်ငံသား ၅ ယောက် နေရပ်ပြန်ရောက်လာခဲ့ကြကြောင်း သြစတြေးလျအစိုးရကလည်း ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့တာပါ။ နေရပ်ပြန်ရောက်လာသူတွေအနေနဲ့ ပြုပြင်ပြောင်းလဲပြီး၊ သြစတြေးလျ လူမှုအသိုင်းအဝန်းမှာ ပြန်လည်ဝန်ဆန့်နိုင်မယ့် အခွင့်အလမ်း ရရှိမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
သြစတြေးလျနိုင်ငံသားတွေ မွန်းလွဲပိုင်းက ပြန်လည်ရောက်ရှိလာကြောင်း ဝန်ကြီးချုပ် Anthony Albanese က အတည်ပြုပြောဆိုခဲ့သလို၊ အင်ဒိုနီးရှားသမ္မတ Prabowo Subianto ကိုလည်း စာနာကရုဏာထားတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
Forum