သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်လ်ကန်ဒေသ ရေကြီးမှု ၂၀ ကျော် သေ


ေဘော့စ်နီးယား၊ ဆာရာယေဗိုမှာ ရလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတဲ့ မီးရထားလမ်းမြင်ကွင်း (မေ ၁၇၊ ၂၀၁၄)
ေဘော့စ်နီးယား၊ ဆာရာယေဗိုမှာ ရလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတဲ့ မီးရထားလမ်းမြင်ကွင်း (မေ ၁၇၊ ၂၀၁၄)
Balkan ဒေသမှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဆိုးဆုံး ရေကြီးမှုကြောင့် ဆားဘီးယားနဲ့ Bosnia-Herzegovina မှာ လူပေါင်း ၂၀ ကျော်သေဆုံးခဲ့ပြီး
ထောင်ပေါင်းများစွာ ရေဘေးဒုက္ခရောက်နေကြပါတယ်။

ဥရောပအလယ်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ၄ လစာနဲ့ညီမျှတဲ့ မိုးရေပမာဏနဲ့ မိုးရွာသွန်းခဲ့တဲ့အတွက် အကြီးအကျယ်ရေကြီးနေတာကြောင့် သေဆုံးတဲ့အရေအတွက် ပိုများလာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ လေယာဉ်ပျံတွေနဲ့ ဝေဟင်ကနေ မြင်ရတဲ့အတိုင်းဆိုရင် အိမ်တွေ၊ လမ်းတွေ ရထားလမ်းတွေအပါအဝင် Bosnia ဒေသရဲ့ ၃ ပုံဟာ ရေလွှမ်းနေတယ်လို့ တာဝန်ရှိသူတွေက စနေနေ့က ပြောကြားခဲ့ပါတယ်။

ရေကြီးနေတဲ့ ဒေသမှာ လူပေါင်း ၁ သန်းလောက် နေထိုင်ကြမယ်လို့ Bosnia အစိုးရပြောခွင့်ရသူက ခန့်မှန်းပါတယ်။ ရေကြီးမှုကြောင့် မြေပြိုကျတဲ့ အန္တရာယ်လည်း ပိုများလာသလို ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက Bosnia စစ်ပွဲအတွင်း ကျန်နေသေးတဲ့ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲနိုင်တဲ့အန္တရာယ်လည်း ရှိနေတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

Bosnia အရှေ့မြောက်ဖက်နား ဆင့်ကဲဗုံးတွေနဲ့ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းတွေရှိတဲ့ နေရာတွေနားမှာ သတိပေးထားတဲ့ ဆိုင်းဘုတ်တွေ အများအပြား ရေနဲ့အတူ မျောပါသွားတယ်လို့ AP သတင်းက ပြောပါတယ်။
XS
SM
MD
LG