သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Freddie Gray ဖမ်းဆီးခဲ့တဲ့ ရဲတွေကို တရားစွဲမည်


ပြည်နယ်ရှေ့နေချုပ် Marilyn Mosby
ပြည်နယ်ရှေ့နေချုပ် Marilyn Mosby

အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ် ဘော်တီမိုးမြို့မှာ လူမည်းအမျိုးသားငယ် Freddie Gray ကို ဖမ်းဆီးတာမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက်တွေနဲ့ တရားစွဲမယ်လို့ ပြည်နယ်ရှေ့နေချုပ်က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

Gray သေဆုံးရတာဟာ လူသတ်မှုမြောက်တယ်လို့ ပြည်နယ် ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးမှူးက သုံးသပ်တယ်လို့ ပြည်နယ်ရှေ့နေချုပ် Marilyn Mosby က သောကြာနေ့မှာ ပြောပါတယ်။ Gray ကို ဧပြီလ ၁၂ ရက်နေ့က ရဲကားနဲ့ ခေါ်သွားချိန်အတွင်း ပြင်းထန်ဆိုးရွားတဲ့ လည်ပင်းဒဏ်ရာ ရခဲ့တယ်လို့ ရှေ့နေချုပ် Mosby က ပြောပါတယ်။ Gray ကို ကားနဲ့ခေါ်သွားချိန်မှာ ထိုင်ခုံ ခါးပတ် ပတ်ပေးသင့်ပေမဲ့ မပတ်ပေးခဲ့သလို ဆေးကုသမှုပေးဖို့လည်း မလုပ်ခဲ့ဘူးလို့ ပြည်နယ်ရှေ့နေချုပ် မစ္စ Mosby က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် ၆ ဦးကို အခုလို အရေးယူမယ်ဆိုတဲ့အပေါ် ကျေနပ်မိတဲ့အကြောင်း Freddie Gray ရဲ့ မိသားစုက ပြောပါတယ်။ အခုလို အရေးယူမယ်ဆိုတာဟာ Freddie အတွက် တရားမျှတမှုရဖို့ လုပ်ဆောင်တဲ့နေရာမှာ အရေးကြီးတဲ့အဆင့် ဖြစ်တယ်လို့ Gray ရဲ့ ပထွေးဖြစ်သူက ပြောပါတယ်။

အခု တရားစွဲခံရမယ့် ရဲတပ်ဖွဲ့ဝင်တွေကို ကိုယ်စားပြုတဲ့ သမဂ္ဂကတော့ ဒီအမှုမှာ နိုင်ငံရေးပယောဂနဲ့ အလျင်စလို ဆုံးဖြတ်ခဲ့တာသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ Gray သေဆုံးရမှုအတွက် ရဲတပ်ဖွဲ့ဝင် တစုံတဦးပေါ်မှာမှ တာဝန်မရှိဘူးလို့လည်း ပြောပါတယ်။

XS
SM
MD
LG