သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်လ်တီမိုးမြို့မှာ လူအစုလိုက် အပြုံလိုက် ပစ်ခတ်ခံရ၊ ၂ ဦးသေ


A view of the scene where a shooting took place, in Baltimore, Maryland, July 2, 2023.
A view of the scene where a shooting took place, in Baltimore, Maryland, July 2, 2023.

အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်၊ ဘော်လတီမိုးမြို့က ညဘက်ပါတီပွဲတခုမှာ လူ ၃၀ လောက် ပစ်ခတ်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Brooklyn အရပ်က ရပ်ကွက်ပါတီပွဲမှာ ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးပြီး၊ ဒဏ်ရာရသူတွေထဲမှာ ၃ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဖုန်းဆက်အကြောင်းကြားတာတွေ အများအပြားရှိခဲ့ပြီး၊ ဒဏ်ရာရသူတွေထဲက ၂၀ လောက်ကတော့ ဆေးရုံကို လမ်းလျှောက်သွားနိုင်ကြတယ်လို့လည်း ဘော်လ်တီမိုး ရဲတပ်ဖွဲ့ ယာယီကော်မရှင်နာမင်းကြီး Richard Worley က ပြောပါတယ်။

မြို့တော်ဝန် Brandon Scott ကတော့ ပစ်ခတ်သူတွေကို မတွေ့တွေ့အောင် ရှာဖွေဖော်ထုတ်သွားမယ်လို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG