သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Baltimore အရေးပေါ် အခြေအနေ ကြေညာ


 Baltimore မြို့က အဓိကရုန်းမြင်ကွင်း။
Baltimore မြို့က အဓိကရုန်းမြင်ကွင်း။

အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း Baltimore မြို့မှာ အခုလဆန်းပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ် ရရှိထားတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ လူမည်းအမျိုးသားရဲ့ အသုဘ အခမ်းနားပြုလုပ်အပြီး လမ်းမတွေပေါ်မှာ တနင်္လာနေ့ က တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

မယ်ရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူ း Larry Hogan ကBaltimore မြို့မှာ အရေးပေါ် အခြေအနေ ကြေညာ လိုက်ပြီး အကြမ်းဖက် ဆူပူမှုတွေကို ကူညီ ထိန်းသိမ်းပေးဖို့ National Guard လို့ခေါ်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တာဝန် ပေးအပ် လိုက်ပါတယ်။

ရာနဲ့ ချီရှိတဲ့ လူငယ်တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် (၇) ယောက်ထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Baltimore ရဲတပ်ဖွဲ့က အရာရှိ Captain Eric Kowalczyk က ပြောပါတယ်။

လူငယ်တွေက ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေ၊ ပုလင်းတွေ အပါဝင် တခြား အရာမျိုးစုံနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ရုပ်သံထုတ်လွှင့်ချက် တခုက ပြသရာမှာ ရဲကားတစီးကို မီးတင်ရှို့နေတာတွေ့ရသလို၊ လူတစုဟာ စတိုးဆိုင်တွေ အတွင်းကို ဝင်ရောက်ပြီး ပစ္စည်းတွေ လုယက်နေကြတာကို တွေ့ရပါတယ်။

တနင်္လာနေ့ စောစောပိုင်းကတော့ သေဆုံးသွားခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် Freddy Gray ရဲ့ အသုဘ အခမ်းနားကို လူတွေထောင်နဲ့ချီပြီးတော့ တက်ရောက်ခဲ့ကြပါတယ်။

Freddy Gray သေဆုံးမှုဟာ အမေရိကန်ပြည်ထောင်စုမှာ လူနည်းစုဝင်တွေအပေါ် ရဲတပ်ဖွဲ့ရဲ့ တိုင်တွယ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ကန့်ကွက်စရာ မေးခွန်းထုတ် စရာ ပေါ်လာတဲ့ နောက်ဆုံးဖြစ်ရပ်ဖြစ်ပါတယ်။

XS
SM
MD
LG