သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Baltimore လူငယ်သေဆုံးမှု စုံစမ်းရေး အစီရင်ခံစာ အစိုးရရှေ့နေဆီပို့


ဘာတီမိုးလ်ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ (ဧပြီ ၃၀၊ ၂၀၁၅)
ဘာတီမိုးလ်ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ (ဧပြီ ၃၀၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု၊ မေရီလန်း ပြည်နယ်၊ ဘော်လ်တီ မိုးမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ထားချိန်အတွင်း လူမည်း အမျိုးသားငယ်တဦး သေဆုံး သွားတဲ့ ဖြစ်ရပ် အပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာ ကြာသပတေးနေ့က ပြီးဆုံး သွားပါပြီ။ အဲဒီသေဆုံးမှုဖြစ်ရပ်ကြောင့် ဘော်လ်တီမိုးမြို့မှာ အဓိကရုဏ်းတွေနဲ့ လုယက် တာတွေ ဒီသီတင်းပတ်အစောပိုင်းက ဖြစ်ခဲ့တာပါ။

အစီရင်ခံစာကို ရဲတပ်ဖွဲ့က အစိုးရရှေ့နေတွေလက်ထဲ အပ်လိုက်ပြီဖြစ်ပြီး လူငယ်ကို ဖမ်းဆီးတာမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တရားစွဲသင့် မသင့်ဆိုတာ ရှေ့နေတွေ က ဆုံးဖြတ်မှာပါ။

ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို ဘယ်တော့ချမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက် မရှိသေးပါဘူး။ အခင်းဖြစ်ရပ်မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် တွေအားလုံးကိုတော့ စုံစမ်းစစ်ဆေးနေတဲ့ ကာလအတွင်း တာဝန်ကနေ ရပ်ဆိုင်းထားပါတယ်။
အသက် ၂၅ နှစ် အရွယ် Freddie Gray ရဲ့ နာရေးအခမ်းအနားကျင်းပတဲ့ တနင်္လာနေ့က အဓိကရုဏ်းတွေ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး တဲ့နောက် မြို့မှာ သီတင်းတပတ်ကြာ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို မြို့တော်ဝန်က ထုတ်ပြန်ထား ပါတယ်။

အင်္ဂါနေ့ကစပြီး ညမထွက်ရအမိန့် အာဏာသက်ဝင်နေပြီဖြစ်ပေမဲ့ အဲဒီအမိန့်ကို အာခံသူတချို့ ရှိနေဆဲပါ။ Freddie Gray သေဆုံးတဲ့ဖြစ်ရပ်အပေါ် မကျေနပ်တဲ့ ဆန္ဒပြသူတွေဟာ ဘော်လ်တီမိုးမြို့အပါအဝင် ဝါရှင်တန်ဒီစီမြို့တော်၊ နယူးယောက်၊ ဖီလာဒဲလ်ဖီးယား၊ မင်နီဆိုးတား စတဲ့ အမေရိကန်မြို့ကြီးတွေမှာ ကြာသပတေးနေ့အထိ နေ့စဉ်နဲ့အမျှ ဆန္ဒပြပွဲတွေလုပ်နေပါ တယ်။ ဘော်လ်တီမိုး တမြို့ထဲမှာတင် ဒီသီတင်းပတ်အတွင်း ဖမ်းဆီးထားသူ ၂၀၀ ကျော်ရှိပြီး အဲဒီထဲက ထက်ဝက်လောက်ကို တော့ ပြန်လွှတ်ပေးပြီးပါပြီ။

XS
SM
MD
LG