သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မိတ်ဆွေများ အဖွဲ့နဲ့ အတွင်းရေးမှူးချုပ် တွေ့ဆုံမည်


မြန်မာ့မိတ်ဆွေများ အဖွဲ့နဲ့ အတွင်းရေးမှူးချုပ် တွေ့ဆုံမည်
မြန်မာ့မိတ်ဆွေများ အဖွဲ့နဲ့ အတွင်းရေးမှူးချုပ် တွေ့ဆုံမည်

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ အရေးပါမှုကို အသိအမှတ် ပြုပေမဲ့ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို အရှိန်မြှင့်လုပ်ဖို့ တိုက်တွန်းနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ အင်္ဂါနေ့မှာ မြန်မာ့အရေး ဆွေးနွေးဖို့ ရှိတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ တွဲဖက် ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဖာရင်ဟတ်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) ဟာ မြန်မာ့အရေး ဆွေးနွေးဖို့ သူ့ရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့နဲ့ အင်္ဂါနေ့ နေ့လယ်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီအဖွဲ့နဲ့ မတွေ့ခင်မှာတော့ မြန်မာ အပါအဝင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အင်္ဂါနေ့ နေ့လယ် ၃ နာရီကနေ ၅ နာရီအထိ တွေ့ဆုံမှာဖြစ်ပြီး အဲဒီနောက်မှာ တဆက်တည်း ၅ နာရီ ၄၅ မိနစ်အထိ မြန်မာ့အရေးကို ဆွေးနွေးမှာ ဖြစ်ပါတယ်။” လို့ မစ္စတာ ဖာရင်ဟတ်က ပြောသွားတာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ နယူးယောက်မှာ လက်ရှိ ကျင်းပနေတဲ့ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ပြင်ပ သီးသန့် ဆွေးနွေးပွဲမှာ စက်တင်ဘာလ ၁၈ ရက်နေ့က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကုလသမဂ္ဂက ထောက်ပံ့ကူညီမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG