သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ASEAN ၀န်ကြီးတွေနဲ့ ဘန်ကီမွန်း တွေ့ဆုံ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း

ကုလသမဂ္ဂနဲ့ အာဆီယံတို့ကြား ဆက်ဆံမှုဟာ လေးနက်ပြီး ခိုင်မာစွာ ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စက်တင်ဘာလ ၂၂ ရက် ကြာသပတေးနေ့မှာ ကျင်းပတဲ့ အာဆီယံ - ကုလသမဂ္ဂ ဝန်ကြီးများအဆင့် အစည်းအဝေး အဖွင့်မိန့်ခွန်း မှာ ပြောကြားခဲ့ပါတယ်။

အာဆီယံ အသိုင်းအ၀ိုင်းဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စရပ်တွေ၊ သဘာဝ ဘေးဒဏ်ခံရမှု စီမံခန့်ခွဲမှု အပါအဝင် ကိစ္စရပ် အတော်များများမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်လည်း ဂုဏ်ပြုခဲ့ပါတယ်။

အာဆီယံဒေသတွင်းမှား အဖွဲ့ပေါင်းစုံ ၊ ဘက်ပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကိုလည်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒေသတွင်း ရေပိုင်နက် ပြဿနာတွေ အပါအဝင် အငြင်းပွါးမှုတွေ အတွက် နိုင်ငံတကာဥပဒေတွေနဲ့ အညီလုပ်ဆောင်ဖို့၊ ဆွေးနွေးမှုတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ လည်း ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အာဆီယံနိုင်ငံတွေက ငြိမ်းချမ်းရေးထိန်းတပ်သား ၄၅၀၀ ကျော် ပေးပို့ စေလွှတ်ခဲ့တာနဲ့ ကုလသမဂ္ဂမှာ အာဆီယံ ပါဝင်တဲ့ အခန်းကဏ္ဍ ပိုပြီးများပြား ကြီးထွားလာတာ အတွက်လည်း ကြိုဆိုခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ဟာ အာဆီယံအဖွဲ့ကြီး တည်ထောင်ခဲ့တာ အနှစ် ၅၀ ပြည့်တဲ့နှစ်ဖြစ်ပြီး ရာစုနှစ်ဝက်လောက် ရှင်သန် ရပ်တည်ခဲ့တဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာရေး အတွက် ဆောင်ရွက်နေမှု တွေဟာ အာဆီယံ ဒေသတွင်း နိုင်ငံတွေကိုသာမက ကမ္ဘာတဝှမ်း လုံးအတွက်ပါ အားကျစေပါတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။

ASEAN ၀န်ကြီးတွေနဲ့ ဘန်ကီမွန်း တွေ့ဆုံ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG