သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားသွားဖို့ ဘန်ကီမွန်း စဉ်းစား


U.N. Secretary General Ban Ki-moon holds the trophy of Seoul Peace Prize during the award ceremony in Seoul, South Korea, October 29, 2012.
U.N. Secretary General Ban Ki-moon holds the trophy of Seoul Peace Prize during the award ceremony in Seoul, South Korea, October 29, 2012.
ကိုရီးယား ကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းမှု တစိတ် တဒေသ အဖြစ်နဲ့ မြောက်ကိုရီးယားကို သွားဖို့ စဉ်းစားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ငြိမ်းချမ်းပြီး နျူကလီးယား ကင်းမဲ့တဲ့ ကိုရီးယား ကျွန်းဆွယ် ဖြစ်လာစေဖို့ တောင်နဲ့ မြောက် နှစ်ပြည်ထောင် ပြန်လည် ပေါင်းစည်းရေး အတွက် အချိန်ပေးသွားမှာ ဖြစ်တဲ့အကြောင်း ၂၀၁၂ ခုနှစ် ဆိုးလ်ငြိမ်းချမ်းရေးဆုကို အင်္ဂါနေ့က လက်ခံ ယူခဲ့စဉ် တောင်ကိုရီးယား နိုင်ငံသားဖြစ်တဲ့ မစ္စတာ ဘန်ကီးမွန်းက ပြောလိုက်တာပါ။

မြောက်ကိုရီးယား အနေနဲ့ နျူးကလီးယား လက်နက်တွေကို ဖျက်သိမ်းပြီး၊ နိုင်ငံသားတွေရဲ့ ဘဝအခြေအနေတွေ တိုးတက် လာအောင် လုပ်ခြင်းအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တောင်းဆိုမှုကို အရေးစိုက်လာမယ့် နေ့ကို သူမျှော်လင့် နေတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

နိုင်ငံတကာ ပဋိပက္ခတွေ မဖြစ်အောင် ကာကွယ် ဖြေရှင်းတဲ့နေရမှာမှာ ထူးထူးချွန်ချွန် ဆောင်ရွက်နိုင်သူ အဖြစ် ကိုရီးယား နိုင်ငံသားတွေထဲမှာ ပထမဆုံးအကြိမ် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ချီးမြှင့်တာ ဖြစ်တဲ့အကြောင်း ဆုရွေးချယ်ရေး ကော်မတီက ပြောပါတယ်။
XS
SM
MD
LG