သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ စနစ်ကျနမှု ဘန်ကီမွန်း ကြိုဆို

ထိုင်းရွေးကောက်ပွဲ စနစ်ကျနမှု ဘန်ကီမွန်း ကြိုဆို
ထိုင်းရွေးကောက်ပွဲ စနစ်ကျနမှု ဘန်ကီမွန်း ကြိုဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

အနိုင်ရ ဖွေထိုင်းပါတီ (Pheu Thai) ခေါင်းဆောင်က အစိုးရ ဖွဲ့စည်းရေး စတင် ဆွေးနွေးနေတဲ့ အချိန်မှာ မစ္စတာ ဘန်ကီမွန်းက အခုလို ကြိုဆိုလိုက်တာပါ။

တနင်္ဂနွေနေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ ရွေးကောက်ပွဲကနေ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ နည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ တည်ငြိမ်ရေးကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ ဘန်ကီမွန်းက မနေ့ ညနေက ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Asian Network for Free Elections လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပရေး အာရှကွန်ရက်အဖွဲ့ pan-Asian ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ရဲ့ ဘန်ကောက်မြို့ ရုံးခွဲကနေ တရားဝင် ရွေးကောက်ပွဲ ရလဒ်တွေကို ဒီနေ့ ကြေညာဖို့ ရှိပါတယ်။

ထိုင်းရွေးကောက်ပွဲအပြီး လွှတ်တော် ခေါ်ယူတဲ့အခါ အနိုင်ရခဲ့တဲ့ ဖွေထိုင်းပါတီ ခေါင်းဆောင် ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) ဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် အတည်ပြုချက် ရရှိမှာ ဖြစ်ပါတယ်။

ယင်းလပ် ရှင်နာဝပ်ဟာ ပါတီငယ် ၄ ခုနဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့လိုက်တာကြောင့် လွှတ်တော်ရဲ့ အမတ်နေရာ ၅ ပုံ ၃ ပုံနီးပါးကို အများစုအဖြစ်နဲ့ ထိန်းထားနိုင်ပြီ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG