သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဒုက္ခသည်တွေအတွက် ရန်ပုံငွေ လိုအပ်


This citizen journalism image provided by Shaam News Network SNN, taken on Monday, Sept. 3, 2012, purports to show civilians walking among the rubble of buildings damaged by airstrikes in Azaz, on the outskirts of Aleppo, Syria. Syria's information minist
This citizen journalism image provided by Shaam News Network SNN, taken on Monday, Sept. 3, 2012, purports to show civilians walking among the rubble of buildings damaged by airstrikes in Azaz, on the outskirts of Aleppo, Syria. Syria's information minist
ဆီးရီးယားနိုင်ငံမှာ လူသားချင်း စာနာထောက်ထားတဲ့အကူအညီတွေဟာ သေရေးရှင်ရေးတမျှ အရေး တကြီး လိုအပ်နေပြီလို့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ စက်တင်ဘာလ လေးရက်နေ့က အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားက စစ်ပြေးဒုက္ခသည်တွေကို ကူညီပံ့ပိုးဖို့ ရန်ပုံငွေဟာ အလွန့်အလွန် လိုအပ်နေပြီးတော့ အခုအခါ လိုအပ်သမျှရဲ့ ထက်ဝက်လောက်သာ ရရှိသေးတယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ဆိုပါတယ်။

စေတနာရှေ့ထားပြီး စစ်ပြေးဒုက္ခသည်တွေကို လက်ခံဖို့ နယ်စပ်တွေကို ဖွင့်ပေးထားတဲ့ ဂျော်ဒန်၊ တူရကီ၊ အီရတ်နဲ့ လက်ဘနွန်နိုင်ငံတွေရဲ့ အစိုးရတွေဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေကြတယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ဆိုပါတယ်။ သြဂတ်စ်လအတွင်းက ဆီးရီးယားနိုင်ငံထဲကနေ ထွက်ပြေးကြတဲ့ ပြည်သူတွေဟာ တသိန်းလောက် ရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

ဒါဟာ မနှစ်က ပြည်တွင်း ပဋိပက္ခတွေ စတင်ချိန်ကတည်းက လစဉ်ထွက်ပြေးသူဦးရေ အမြင့်ဆုံး လည်း ဖြစ်ပါ တယ်။ အစိုးရကနေပြီးတော့မှ အစိုးရဆန့်ကျင်သူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ်၊ မတ်လ ၁၁ ရက် နေ့ကစလို့ အခုအချိန်အထိ အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေးနေကြတဲ့ ဆီးရီးယားပြည်သူ အရေအတွက်ဟာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ပြီးသားနဲ့ မှတ်ပုံတင်ဖို့ စောင့်နေကြသူ စုစုပေါင်း ၂ သိန်း၊ ၃ သောင်း၊ ၅ ထောင် နီးပါး ရှိတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရ မယ်လီဆာ၊ ဖလဲန်းမင်းက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG