သုံးရလွယ်ကူစေသည့် Link များ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အလည်အပတ် လာရောက်ဖို့ ဖိတ်ကြားထားတာကို မြောက်ကိုရီးယားဘက်က ရုတ်တရက် ပယ်ဖျက်လိုက်ပါတယ်။ သံတမန်တွေကတဆင့် နောက်ဆုံးအချိန်ကျမှ အကြောင်းကြားလာခဲ့ပြီး၊ အကြောင်းပြချက် တစုံတရာ မပေးဘူးလို့လည်း ၅ ရက်ကြာခရီးစဉ်အဖြစ် တောင်ကိုရီးယားနိုင်ငံမှာ ရောက်နေတဲ့ အတွင်းရေးမှူးချုပ်က ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန် စိတ်မကောင်းစရာ ဖြစ်ရပေမဲ့ ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်အဖြစ်နဲ့ ကိုရီးယားကျွန်းဆွယ်နဲ့ ဒေသတွင်းမှာ ငြိမ်းချမ်းတည်ငြိမ်မှု ရရှိရေး နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ လက်တွဲဆောင်ရွက်ဖို့ မြောက်ကိုရီးယားကို ဆက်လက် တိုက်တွန်းအားပေးမယ့် ကြိုးပမ်းမှုတွေကိုတော့ စွန့်လွှတ်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားကို ခွဲခြားထားတဲ့ စစ်မဲ့ဇုန်ဒေသ အနီးမှာရှိတဲ့ Kaesong စက်မှုဇုန်ကို အတွင်းရေးမှူးချုပ် ကြာသပတေးနေ့မှာ သွားရောက်ဖို့ အစောပိုင်းမှာ စီစဉ်ထားတာပါ။ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်နေတဲ့ စက်မှုဇုန်ကို စီစဉ်ထားတဲ့အတိုင်း သွားဖြစ်မယ် ဆိုရင်တော့ ဒါဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တဦးအနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်ပါလိမ့်မယ်။

၂ နိုင်ငံကြားက စစ်မဲ့ဇုန်ကို ကိုဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံကို နောက်ဆုံးသွားခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က Boutros Boutros-Ghali ဖြစ်ပြီး ၁၉၉၃ ခုနှစ်က သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG