သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်နဲ့ သူရဦးရွှေမန်းတွေ့ဆုံ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ ကုလသမဂ္ဂရုံးချုပ်တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၄၊ ၂၀၁၃)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ ကုလသမဂ္ဂရုံးချုပ်တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၄၊ ၂၀၁၃)

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လက် ဆောင်ရွက်သွားဖို့အပြင် နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ ဆက်လက် တိုးတက်အောင် ဆောင်ရွက်သွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တိုက်တွန်းခဲ့ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ သူရဦးရွှေမန်းကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အင်္ဂါနေ့က တွေ့ဆုံခဲ့ပြီးနောက် ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဒီမိုကရေစီ အသွင်ပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်ဟာ အရေးကြီးတဲ့အခန်းမှာ ရှိနေတဲ့အကြောင်း အတွင်းရေးမှူးချုပ် Ban Ki-moon နဲ့ သူရဦးရွှေမန်းတို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး၊ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တိုးတက်မှုတွေ ရှိလာစေရေးနဲ့ လူမှုအသိုင်းအဝိုင်း အားလုံးပါတဲ့ လူ့ဘောင်တခုဖြစ်ဖို့ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေး ကိစ္စတွေကို ဆက်ပြီးလုပ်သွားဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူရဦးရွှေမန်းကို တိုက်တွန်းခဲ့ပါတယ်။

လွှတ်တော်တွင်း ဥပဒေပြုရေးဆိုင်ရာ အချေအတင် ဆွေးနွေးကြတဲ့ ကိစ္စကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့ကြပါတယ်။ မတ်လ ၃၁ ရက်နေ့တုန်းက ပြည်လုံးကျွတ် အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ မူကြမ်းကို သဘောတူနိုင်ခဲ့ကြတဲ့အပေါ်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုခဲ့ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက် တိုးတက်အောင်လို့ လွှတ်တော်ကနေ ထိရောက်တဲ့ ထိတွေ့ဆောင်ရွက်မှုတွေ လုပ်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တိုက်တွန်းခဲ့တယ်လို့ ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန်ပါတယ်။

XS
SM
MD
LG