သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်တိုက်ခိုက်ခံရမှု ၂ ရက်ကြာ ဝမ်းနည်းခြင်းသတ်မှတ်


ဒက္ကာမြို့ စားသောက်ဆိုင် အကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်နဲ့ ဆုတောင်းပေးနေကြသူ ကျောင်းသူများ။ (ဇူလိုင် ၃၊ ၂၀၁၆)
ဒက္ကာမြို့ စားသောက်ဆိုင် အကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်နဲ့ ဆုတောင်းပေးနေကြသူ ကျောင်းသူများ။ (ဇူလိုင် ၃၊ ၂၀၁၆)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့က အဆင့်မြင့်စားသောက်ဆိုင်တဆိုင်မှာ စစ်သွေးကြွ ၇ ယောက်လက်ချက်နဲ့ ဓားစာခံ၂၀ သေဆုံးခဲ့သလို စစ်သွေးကြွတွေကို ၁၁ နာရီကြာ ပိတ်ဆို့ချေမှုန်းစဉ်အတွင်းမှာ ရဲအရာရှိ ၂ ဦး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်အတွက် ၂ ရက်ကြာ တနိုင်ငံလုံး ဝမ်းနည်းကြေကွဲတဲ့အထိမ်းအမှတ် ကျင်းပနေပါတယ်။

IS အဖွဲ့က ဒီတိုက်ခိုက်မှုကို သူတို့လက်ချက်လို့ ပြောပေမယ့် သူတို့ထဲက တစ် ယောက်မှ IS အဖွဲ့နဲ့ ဆက်သွယ်မှုကို မတွေ့ရကြောင်း ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ သူတို့ဟာ လူချမ်းသာ ပညာ တတ်အသိုင်းအဝိုင်းက ဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆယ်နှစ်ကျော် ပိတ်ပင်ထားတဲ့ JMB ခေါ် Jumatul Mujahedeen Bangladesh အဖွဲ့ က ဂျေဟတ်ဒစ်ရှ် အဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရွိုက်တားစ် သတင်းဌာနကတော့ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ Shahidul Hoque ကို ကိုးကားပြီး ဒီ အကြမ်းဖက်သမား ၇ ယောက်လုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ကြောင်း ဖော်ပြထားသလို သူတို့ထဲက ၅ ယောက်ကိုဖမ်းဖို့ အရင်က ကြိုးစားခဲ့ဖူးကြောင်းလည်း ပြောပါ တယ်။ သူတို့နဲ့ IS နဲ့ အဆက်သွယ်ရှိမရှိ ဖြစ်နိုင်ခြေတွေကို စုံစမ်းနေတယ်လို့လည်း ရဲမှူးကြီးက ပြောပါတယ်။

သေဆုံးသွားတဲ့ အကြမ်းဖက်သမား ၆ ယောက်ထဲက ၅ ယောက်ရဲ့ ပထမအမည်တွေကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားခဲ့ပြီး သူတို့ဟာ လပေါင်း အတော်ကြာအောင် မိသားစုဝင်တွေကို အဆက်အသွယ်မလုပ်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတွင်းမှာ IS တွေမရှိကြောင်း နှစ်ရှည်လများ ငြင်းဆိုလာခဲ့ပါတယ်။ ဝန်ကြီးချုပ် Sheikh Hasina ရဲ့အစိုးရအဖွဲ့ကတော့ တိုင်းပြည်တွင်း မငြိမ်မသက် ဖြစ်အောင် စစ်သွေးကြွတွေကို ကျောထောက်နောက်ခံပေးထားတယ်ဆိုပြီး နိုင်ငံရေးရန်ဘက်တွေကို အပြစ်ဖို့ထားပါတယ်။

တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ မြို့တော်တခုလုံး လုံခြုံရေးအပြည့်ချထားပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့က ၁၃ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသွားခဲ့သူ ၂၀ ထဲမှာ - အမျိုးသား ၁၁ ယောက်၊ အမျိုးသမီး ၉ ယောက်ဖြစ်ပါတယ်။ အီတလီက ၉ ယောက်၊ ဂျပန်က ၇ ယောက်၊ ၂ ယောက်က ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်တယောက်နဲ့ အိန္ဒိယလူမျိုး ၁ ယောက်တို့ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG