သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အထူးကုန်သွယ်ခွင့် ဆိုင်းငံ့မှု ဘင်္ဂလာအံ့အားသင့်


ဘင်္ဂလားဒေ့ရှ်အထည်ချုပ်စက်ရုံအလုပ်သမားများက လက်လုပ်လှေကားနဲ့ အတက်အဆင်းကို သရုပ်ပြဆင်းတက်နေစဉ်။
ဘင်္ဂလားဒေ့ရှ်အထည်ချုပ်စက်ရုံအလုပ်သမားများက လက်လုပ်လှေကားနဲ့ အတက်အဆင်းကို သရုပ်ပြဆင်းတက်နေစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အလုပ်သမားတွေရဲ့အခွင့်အရေးကာကွယ်ဖို့ ပျက်ကွက်တယ်လို့ ဆိုပြီး ဘင်္ဂလားဒေ့ရှ်ကိုပေးထားတဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး ဆိုင်ရာအကျိုးခံစားခွင့်တွေကို အမေရိကန်သမ္မတ အိုဘားမားက ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ အံ့သြရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ အထည်ချုပ်စက်ရုံ ပြိုကျလို့ လူ ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီးတဲ့နောက် ၂ လအကြာ အမေရိကန်ဘက်က တင်းတင်းကျပ်ကျပ် စောင့်ကြည့်မှုတွေနဲ့ ကြုံခဲ့ရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ စက်ရုံတွေမှာ လုံခြုံစိတ်ချမှု ပိုပြီးရှိလာစေဖို့ ခိုင်မာတဲ့ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ပြောပါတယ်။ သမ္မတအိုဘားမားရဲ့ ကြာသပတေးနေ့က ဆုံးဖြတ်ချက်ကြောင့် ဘင်္ဂလားဒေ့ရှ်က အမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ အခွန်ကင်းလွတ်ခွင့်ရနေတဲ့ အခွင့်အရေး ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။

ဒီ အခွန်ကင်းလွတ်ခွင့် အခွင့်အရေးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်ချမှတ်ထားတဲ့ Generalized System of Preference GSP လို့ခေါ်တဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့် အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲမှာ အထည်ချုပ် စက်ရုံတွေ မပါဝင်ပေမဲ့လို့၊ စက်ရုံတွေ လုံခြုံရေးစိတ်ချမှုရှိရေး အလေးအနက်ထားတယ်ဆိုတာကို နိုင်ငံခြားကုမ္ပဏီတွေကို အကြီးအကျယ် နားချဖို့ကြိုးစားနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအတွက်တော့ အခုဆုံးဖြတ်ချက်က ရှက်စရာကိစ္စတခုပဲ ဖြစ်ပါတယ်။
XS
SM
MD
LG