သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် တိုက်ခန်း ဗုံးပေါက်ကွဲမှု သေဆုံးသူဦးရေ တိုး


ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦး။ အောက်တိုဘာ ၆၊ ၂၀၁၀။
ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦး။ အောက်တိုဘာ ၆၊ ၂၀၁၀။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး တခုကြောင့် လူ ၃ ဦး သေဆုံးခဲ့ရတယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ မြို့တော်ရဲ့ ဆင်ခြေဖုံးက အထပ်တွေများတဲ့ လူနေ အဆောက်အဦးကြီး တခုမှာ ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုကြောင့် အခြားလူ ၉ ဦးလည်း ဒဏ်ရာရရှိသွားပြီး အဆောက်အဦးကြီးလည်း ပြင်းထန်စွာ ထိခိုက် ပျက်စီးသွားပါတယ်။

ဒီပေါက်ကွဲမှု ဖြစ်ရတာက ကြီးမားတဲ့ ဗုံးတခု၊ ဒါမှမဟုတ် ဗုံးလုပ်တဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ပေါက်ကွဲတာကြောင့် ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝပ် ဝမ်ဆူဝန်ကတော့ ဒီဗုံးခွဲသူတွေဟာ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေဖြစ်တာ ရှင်းပါတယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

အင်္ကျီအနီဝတ် ဆန္ဒပြသူတွေဟာ ဒီနှစ်အစပိုင်းတုန်းက ဘန်ကောက်မြို့ထဲမှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို ၂ လကြာ လုပ်ခဲ့ပါတယ်။

ယခင် အစီရင်ခံစာတွေ အရတော့ ဒီပေါက်ကွဲမှုဟာ ထိုင်းနိုင်ငံ တောင်ပိုင်းက မူဆလင် အကြမ်းဖက်သူတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ရဲတွေက ယုံကြောင်း ဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ၂၀၀၄ ခုနှစ်ကတည်းက ဆိုရင် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။

XS
SM
MD
LG