သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် ဗုံးပေါက်ကွဲမှု ၁၀ယောက်ထက်မနည်း ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီကနေ့ပြုလုပ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲတခု အပြီး မဲရုံတွေ ပိတ်သွားချိန်မှာ ဗုံးတလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် မြန်မာနိုင်ငံသား အမျိုးသမီးတဦး အပါအဝင် လူ ၁၀ ဦး ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။

ဘန်ကောက်မြို့လယ်ခေါင်က လူစည်ကားရာ ဘတ်စ်ကားမှတ်တိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဗုံးပေါက်ကွဲမှုဟာ ထိုင်းနိုင်ငံက မပြေလည်သေးတဲ့ နိုင်ငံရေး ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အကြမ်းဖက် လုပ်ရပ်တခု ဖြစ်လေသလားလို့ သတင်းထောက်တွေရဲ့ မေးခွန်းကို အခင်းဖြစ်ပွားရာကို ရောက်ရှိလာတဲ့ ရဲချုပ် ဗိုလ်ချုပ် အနုချိုင် လက်ဘမ်မရောင်း (Maj. General Anuchai Lekbamroong) က ဖြေဆိုဖို့ ငြင်းပယ်ခဲ့ပါတယ်။

အခု အခင်းဖြစ်ပွားရာ နေရာဟာ ဘန်ကောက်မြို့က အင်္ကျီအနီဝတ်တွေရဲ့ ဆန္ဒပြပွဲတွေအတွင်း မေလ ၁၉ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကုန်တိုက်ကြီး ၂ ခု အနားမှာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ဘန်ကောက်မြို့က ကြားဖြတ် ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်း နိုင်ငံခြားရေး ဒု-ဝန်ကြီးဟောင်း ပန်နစ် ဗီကစ်ဆရက်သ် (Panich Vikitsreth) က အခုအခါ အကြမ်းဖက် ဆက်နွယ်မှုနဲ့ ထောင်ထဲရောက်နေတဲ့ အင်္ကျီအနီဝတ် ခေါင်းဆောင် ကိုယ်စားလှယ်လောင်း ခိုခေါ ပစ်ခူသောင်း (Kokaew Pikuthong) ကို ပွတ်ခါသီခါနဲ့ အနိုင်ရရှိသွားတယ်လို့ မဲပေးပြီးနောက် တရားမဝင် ကောက်ယူတဲ့ စစ်တမ်းတွေက ဆိုပါတယ်။

ဒီ ကြားဖြတ်ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ မတ်လကနေ မေလအထိ ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်မြို့က ဆန္ဒပြပွဲတွေကို ဖန်တီးသူ အင်္ကျီအနီဝတ်တွေရဲ့ နိုင်ငံရေး အားစမ်းပွဲ ဖြစ်ပုံရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

This item is part of
XS
SM
MD
LG