သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအကြမ်းဖက်မှု အဆုံးသတ်ရေး ကုလ ကြားဝင်စေ့စပ်ဖို့ ကမ်းလှမ်း


ဘန်ကောက်မြို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကြား ပေါက်ကွဲမှု အတွင်း သေဆုံးသွားခဲ့တဲ့ မောင်နှမနှစ်ဦး။
ဘန်ကောက်မြို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကြား ပေါက်ကွဲမှု အတွင်း သေဆုံးသွားခဲ့တဲ့ မောင်နှမနှစ်ဦး။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့်တော်ရဲ့ အရောင်းအဝယ်စည်ကားရာအရပ်မှာ ဗုံးပေါက်ကွဲပြီးနောက်တရက်မှာ သေဆုံးသူအရေအတွက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ခေါင်းဒဏ်ရာရသွားတဲ့ ကလေးမလေးတဦး ဒီကနေ့ပဲ သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ ၄ နှစ်အရွယ်မောင်လေးနဲ့ အသက် ၅၆ နှစ် အရွယ် အမျိုးသမီးကတော့ မနေ့ကပဲ သေဆုံးသွားတာမို့လို့ သေဆုံးသူ ဦးရေ စုစုပေါင်း ၃ ဦးရှိသွားပါပြီ။ နောက်ထပ် လူအယောက် ၂၀ လည်း ဒဏ်ရာရထားကြပါတယ်။

လက်ပစ်ဗုံးလို့ ယူဆရတဲ့ အဲဒီပါက်ကွဲမှုဟာ Bangkok မြို့လယ်က အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေရဲ့ သပိတ်စခန်းနားမှာ ဖြစ်ပွားတာပါ။ ထိုင်းနိုင်ငံ အရှေ့ပိုင်းက လူထုစုဝေးပွဲထဲကို သေနတ်သမားတွေ ပစ်ခတ်ခဲ့ကြပြီး နာရီပိုင်းအတွင်းမှာပဲ ဒီ ဘန်ကောက်မြို့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရာထူးကနုတ်ထွက်ဖို့ ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ ဝန်ကြီးချုပ် Yingluck Shinawatra ကတော့ မြို့တော်မှာရှိမနေဘဲ ဖိအားပေးမှုတွေနဲ့ ကြုံနေရပေမယ့် သူ့အစိုးရအဖွဲ့က ရာထူးကဆင်းပေးမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ Saraburi ခရိုင်မှာ ကုန်စည်ပြပွဲသွားရောက်နေတဲ့ Ms. Yingluck က လပေါင်းများစွာ ဖြစ်ပွားနေတဲ့ ဒီပဋိပက္ခ ကို ပြောဆိုညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-Moon က ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ပစ်ကြပြီး လူ့အခွင့်အရေးနဲ့ တရားဥပဒေကို လေးစားလိုက်နာကြဖို့ တိုက်တွန်းသွားပါတယ်။
XS
SM
MD
LG