ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် တာဝန်ရှိသူတွေက ရေတွေကြီးလာဖို့ရှိတယ်လို့ သတိပေးထားတာကြောင့် ဘန်ကောက်မြို့တော် နယ်နိမိတ်မှာရှိတဲ့ မြို့နယ် ခြောက်မြို့နယ်တွင်း နေထိုင်သူတွေဟာ အမြင့်ပိုင်းရှိရာကို ပြောင်းရွှေ့နေကြရပါတယ်။
ဘန်ကောက်မြို့တော်ဝန်က သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမမာဖြစ်နေတဲ့သူတွေကို အရေးပေါ်ခိုလုံဖို့ ပြုလုပ်ထားတဲ့နေရာကို သွားရောက်ကြဖို့နဲ့ ကျန်လူတွေကို မြေမြင့်ရှိရာ အရပ်တွေကို ရွှေ့ပြောင်းနေထိုင်ကြဖို့ တနင်္ဂနွေနေ့မှာ နိုးဆော်ချက် ထုတ်ပြန်ခဲ့ပါတာဖြစ်ပါတယ်။
ရေဟာ တနင်္လာနေ့ မနက်ပိုင်းမှာ ဒုံမောင်းလေဆိပ်ဟောင်း ရှိရာအရပ်နဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင် ကွပ်ကဲနေတဲ့နေရာတွေကို စိမ့်ဝင်လာနေပြီလို့ ဆိုပါတယ်။ တညလုံး ရေတွေ တရိပ်ရိပ်နဲ့ တိုးနေရာမှာ ၃၀ စင်တီမီတာကနေ ဒီမနက် စောစောပိုင်းမှာ ၆၀ စင်တီမီတာအထိ ရေတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။