သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မြို့လယ်အထိ ရေကြီးမယ့် အန္တရာယ်နဲ့ကြုံ


ဘန်ကောက်မြို့က ရေလျှံနေတဲ့လမ်းမတစ်ခုမှာ မော်တော်ဆိုင်ကယ် တက္ကဆီနဲ့ ခရီးသွားနေကြသူတချို့ (နိုဝင်ဘာလ ၇၊ ၂၀၁၁)
ဘန်ကောက်မြို့က ရေလျှံနေတဲ့လမ်းမတစ်ခုမှာ မော်တော်ဆိုင်ကယ် တက္ကဆီနဲ့ ခရီးသွားနေကြသူတချို့ (နိုဝင်ဘာလ ၇၊ ၂၀၁၁)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မြောက်ပိုင်းမှာ ရေကြီးနေတာ လျော့ကျသွားနေပြီဖြစ်ပေမဲ့ ဘန်ကောက် မြို့တော်မှာ ရေကြီးနိုင်မယ့် အန္တရာယ်ကတော့ ရှိနေတုန်းပါပဲ။ မြို့တော်ရဲ့ မြောက်ဘက်က ရေကျသွားတဲ့ နေရာတွေမှာတော့ ရှင်းလင်းသန့်စင်ရေး လုပ်ငန်းတွေကို လုပ်နေကြပါပြီ။

နှစ်ပေါင်း ၅၀ အတွင်းမှာ အဆိုးရွားဆုံး ရေကြီးမှုနဲ့ကြုံခဲ့ရတဲ့ ထိုင်းနိုင်ငံမှာ သေဆုံးသူ ၅၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူအများစုဟာ ရေနစ်ပြီးတော့ သေဆုံးခဲ့ကြရတာပါ။ ဒေါ်လာသန်း ၃,၀၀၀ ကျော် သုံးစွဲမယ့် ပြန်လည် တည်ဆောက်ရေးစီမံကိန်း တစ်ခုအတွက် ဆွေးနွေးကြဖို့ အစိုးရအဖွဲ့ အစည်းအဝေးကို အင်္ဂါနေ့မှာလုပ်မယ်လို့ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ပြောပါတယ်။

ဘန်ကောက်ဒေသခံတွေ အများစုအတွက်ကတော့ သယ်ယူပို့ဆောင်ရေးက အကြီးမားဆုံး ပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ရေဘေးဒဏ်သင့်ဒေသတွေမှာ သွားလာဖို့အတွက် လှေငယ်လေးတွေ၊ ဘတ်စ်ကားတွေနဲ့ စစ်ဘက်ယာဉ်တွေကို အားထားနေကြရပါတယ်။ ပုံမှန်အတိုင်းဆိုရင် တစ်နာရီကြာခရီးကို ခြောက်နာရီကြာအောင် သွားခဲ့ရတယ်လို့ ဘန်ကောက်မြို့ခံတစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒေသအသီးသီးမှာ ရေဘေးဒဏ်နဲ့ ပြန်လည်ထူထောင်ရေး အခြေအနေတွေက တကယ့်ကို မတူကွဲပြားတဲ့ အခြေအနေအမျိုးမျိုးရှိနေတာမို့ ကူညီ ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းတွေ အခက်အခဲ ကြုံရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဘန်ကောက်ရုံးအကြီးအကဲ မော်ရင်းဘာမင်ဟမ် (Maureen Birmingham) က ပြောပါတယ်။

XS
SM
MD
LG