သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနီရောင်နှစ်ပတ်လည် ဘန်ကောက်မှာ စုဝေး


ထိုင်းနိုင်ငံမှာ လူတွေသေဆုံးစေခဲ့တဲ့ အင်္ကျီနီဝတ်ဆန္ဒပြသူတွေနဲ့ စစ်တပ်ကြား အဓိကရုဏ်း (၂) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထောင်ပေါင်းများစွာသော အင်္ကျီနီဝတ်တွေ ဘန်ကောက်မြို့တော်မှာ စုဝေးခဲ့ကြပါတယ်။

၂၀၁၀ ခုနှစ် တုန်းက အဲဒီအချိန်ကအစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အနီရောင်ဝတ်ဆန္ဒပြသူတွေ သီတင်းပတ်ပေါင်း များစွာ စတည်းချ ဆန္ဒပြခဲ့ကြတဲ့ ဘန်ကောက် မြို့လယ်နေရာကို စစ်တပ်က ဖြိုခွင်းခဲ့လို့ လူပေါင်း ၉၀ ကျော်သေဆုံးပြီး ၂,၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

စုဝေးနေကြတဲ့ လူထုကို ဒီကနေ့ ညပိုင်းမှာ စကားပြောဖို့ ရှိကြတဲ့သူတွေထဲမှာ ဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နဝပ် (Thaksin Shinawatra) လည်း ပါပါတယ်။ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် က ဗွီဒီယို ကတဆင့် စကားပြောဖို့ စီစဉ်ထားတာပါ။

၂၀၁၀ ဆန္ဒပြပွဲတုန်းက ဆန္ဒပြခဲ့သူ အများစုဟာ မစ္စတာ တက်ဆင်ကို ထောက်ခံကြသူတွေ များပါတယ်။

XS
SM
MD
LG