ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုပ်ငန်းခွင်တွေ၊ ကျောင်းတွေနဲ့ ကောလိပ်တွေမှာ အစ္စလာမ် ဘာသာရေး ၀တ်စုံတွေအဖြစ် ခေါင်းမြီးခြုံ ပုဝါတွေ၊ ၀တ်ရုံတွေကို မ၀တ်မနေရ လုပ်စရာ မလိုတော့တဲ့အကြောင်း တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။
နိုင်ငံမြောက်ပိုင်းက ကောလိပ်ကျောင်း တကျောင်းမှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ခေါင်းမြီးခြုံ အ၀တ်အစား ၀တ်ဆင်ဖို့ အမျိုးသမီးတွေကို အတင်းအကျပ် စေခိုင်းတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် တရားရုံးရဲ့ အမိန့် ထွက်ပေါ်လာတာပါ။
ဒီကောလိပ်ကျောင်း တာဝန်ရှိသူတွေက အမျိုးသမီးတွေကို အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပါဝင်မှုတွေ မလုပ်ဖို့ တားမြစ်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတားမြစ်ချက်တွေနဲ့ ပတ်သက်လို့ အစိုးရက စုံစမ်းဖို့လည်း တရားရုံးက ညွှန်ကြားခဲ့တာပါ။
ဘာသာရေး အ၀တ်အစားတွေ ၀တ်ဆင်တာဟာ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်ရမယ်၊ သတ်မှတ်ချက် မဖြစ်စေရလို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မူဆလင်အများစု နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ တင်းကျပ်တဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။