သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံ သပိတ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝန်း လုပ်ငန်းများ ရပ်ဆိုင်း


အတိုက်အခံ သပိတ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝန်း လုပ်ငန်းများ ရပ်ဆိုင်း
အတိုက်အခံ သပိတ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝန်း လုပ်ငန်းများ ရပ်ဆိုင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ တခုကြောင့် နိုင်ငံအနှံ့အပြားမှာ ဗုဒ္ဓဟူးနေ့က လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ပါတယ်။ အာဏာရပါတီ အနေနဲ့ အာဏာကို ဆက်ပြီး ချုပ်ကိုင်ခွင့် ရစေမယ်လို့ဆိုတဲ့ အခြေခံဥပဒေ ပြင်ဆင်ချက် တခုအပေါ် အတိုက်အခံတွေက ဆန္ဒပြ ကန့်ကွက်နေကြတာပါ။

နိုင်ငံတဝန်းက ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ပိတ်ထားခဲ့ရသလို အဓိက ဆိပ်ကမ်းဖြစ်တဲ့ စစ်တကောင်း ဆိပ်ကမ်းမှာလည်း လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။

နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်တာတွေကြောင့် ဗုဒ္ဓဟူးနေ့မှာ လူ ၂၀ ထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

အဓိက အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီ BNP ပါတီရဲ့ အကြီးတန်း ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဇိုင်နယ်လ် အက်ဘ်ဒင်န် ဖာရုခ် (Zainal Abdin Farooque) ဟာ ခေါင်းမှာ ဒဏ်ရာရသွားတာကြောင့် ဒါကာမြို့တော်မှာ ဆေးရုံတင်ထားရပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေအတွင်း BNP ပါတီဝင် အတော်များများလည်း အဖမ်းခံခဲ့ရပါတယ်။

ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအတွက် အစိုးရအနေနဲ့ လိုအပ်တာ မှန်သမျှ လုပ်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီး ဆာဟာရ ခါတွန် (Sahara Khatun) က သတိပေးထားပါတယ်။

XS
SM
MD
LG