သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ် စစ်တပ်တိုးချဲ့မှု မြန်မာသံအမတ်ကို Bangladesh ဆင့်ခေါ်ကန့်ကွက်


မြန်မာ-ဘင်္ဂလားဒှေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုး မြင်ကွင်းတနေရာ။
မြန်မာ-ဘင်္ဂလားဒှေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုး မြင်ကွင်းတနေရာ။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ ချထားတဲ့ မြန်မာတပ်ဖွဲ့တွေနဲ့ လက်နက်ကြီးတွေကို ချက်ခြင်း ဆုတ်ခွာပေးဖို့ ဘင်္ဂလား ဒေ့ရှ်က မြန်မာကို ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ စခန်းချ နေထိုင်နေကြတဲ့နေရာနားမှာ မြန်မာတပ်ဖွဲ့တွေ ချထားလိုက်ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ဆင့်ခေါ်ပြီး အခုလို တောင်းဆိုလိုက်တာပါ။

ဒီလို စစ်အင်အားချထားတာမျိုးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာ မရေရာမှုဖြစ်လာစေပြီး နယ်စပ်မှာ တင်းမာမှု တိုးလာစေမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန၊ ယာယီအတွင်းဝန်က မြန်မာသံအမတ်ကြီးကို ပြောတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန ကပြောပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကိုရော၊ လက်နက်တွေကိုပါ ချက်ခြင်း ပြန်ရုပ်သိမ်းပေးရေး မြန်မာအာဏာပိုင်တွေကို အကြောင်းကြား ပေးဖို့ သံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ယာယီအတွင်းဝန်က ပြောတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ၆,၀၀၀ လောက် နေထိုင်နေကြတဲ့ နှစ်နိုင်ငံကြား မြေကွက်ကျဉ်းလေးနားမှာ မြန်မာစစ်တပ်တွေကို ချထားတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဌာနကရော၊ တခြားတာဝန်ရှိသူတွေဆီကပါ တုန့်ပြန်ချက်တခုခု ချက်ခြင်း ထွက်မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG