သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့တော် လုံခြုံရေးတင်းကြပ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် Dhaka မှာရှိတဲ့ လူကုံထံရပ်ကွက် စားသောက်ဆိုင်တခုအတွင်း နိုင်ငံခြားသား အရပ်သား အများစု အပါအဝင် လူ ၂၀ ကို သတ်ဖြတ်လိုက်တဲ့ အကြမ်းဖက်သမားတွေနဲ့ ၁၁ နာရီကြာ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်သွားခဲ့ပြီးနောက် အာဏာပိုင်တွေက မြို့တော်တဝှမ်း စနေနေ့က လုံခြုံရေးတွေ တင်းကြပ်စွာ ချထားလိုက်ပါတယ်။

စားသောက်ဆိုင်အတွင်း အကြမ်းဖက်သမားတွေ ထိန်းသိမ်းထားတဲ့ သူတွေထဲက ၁၃ ဦးကို လုံခြုံရေးတပ်ဖွဲ့က ပြန်လည် ကယ်တင်လိုက်နိုင်ပါတယ်။ သေဆုံးသူ အများစုဟာ အီတလီနဲ့ ဂျပန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးသွားပါတယ်။

Dhaka မြို့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေထဲမှာ အီတလီနိုင်ငံသားတွေ ပါဝင်တယ်ဆိုတာကို အီတလီဝန်ကြီးချုပ် Matteo Renzi က စနေနေ့မှာ အတည်ပြု ပြောကြားလိုက်ပေမဲ့ မိသားစုတွေကို အရင် အကြောင်းမကြားမချင်း အရေအတွက် အတိအကျကို ထုတ်ဖော် ပြောဆိုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ဂျပန်နိုင်ငံသား ၇ ဦး သေဆုံးသွားကြောင်း ဂျပန်အာဏာပိုင်တွေက အတည်ပြု ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG