သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် မူးယစ်နှိမ်နင်းမှု လူ ၃,၀၀၀ ကျော် ဖမ်းထား


Bangladesh Drug Control
Bangladesh Drug Control

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်လို့ သံသယရှိသူ ၁၀၀ လောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

မူးယစ်ဆေး ရောင်းဝယ်သူ ၆၀ ကျော်ကို သုတ်သင်ခဲ့သလို ဘင်္ဂလာဒေ့ရှ်နိုင်ငံတဝှမ်းက ဝင်ရောက်စီးနင်းမှုတွေအတွင်း သံသယရှိသူ ၃,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး ဒေသခံ သတင်းမီဒီယာတွေက ဖေါ်ပြပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုတွေ၊ ဝင်ရောက်စီးနင်းမှုတွေအတွင်း လူ တချို့ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ သတင်းမီဒီယာတွေက ပြောဆိုပေမယ့် ဒါဟာ လိုအပ်တာထက် ပိုပြီး အလွန်အကျွံ ဆောင်ရွက်တာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပါတယ်။

အာဏာပိုင်တွေကတော့ အခုလို စွပ်စွဲမှုတွေကို ငြင်းဆိုထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားမှုကို လုံးဝ လက်သင့်မခံတဲ့ မူဝါဒအရ တင်းတင်းကြပ်ကြပ်ကိုင်တွယ်သာ ဖြစ်တယ်လို့ ပြောဆိုချေပပါတယ်။

ဒီကနေ့မှာ ဒါကာမြို့တော်က Mohammedpur အရပ်မှာ လုံခြုံရေးတွေက ဝိုင်းပတ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှုနဲ့ သံသယရှိသူ ၁၀၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့လည်း အာဏာပိုင်တွေကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် မူးယစ်နှိမ်နင်းမှု လူ ၃,၀၀၀ ကျော် ဖမ်းထား
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG