သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ဘင်္ဂလားဒေ့ရှ် ဘလော့ဂါသတ်မှု သံသယရှိသူကို ဖမ်းဆီး
နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဘလော့ဂါသတ်မှု သံသယရှိသူကို ဖမ်းဆီး


တင်းကျပ်တဲ့ ဘာသာရေး အယူဝါဒကို ဆန့်ကျင်ရေးသားသူ ထင်ရှားတဲ့ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန် နိုင်ငံသား ဘလော့ဂါ Avijit Roy ကို ဓားနဲ့ခုတ်သတ်တဲ့ အဓိက တရားခံလို့ ယူဆရသူကို ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးလိုက်အပါတယ်။

Mr. Roy ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ Dhaka မြို့တော်မှာ ဓားနဲ့ခုတ် အသတ်ခံရတာ ဖြစ်ပါတယ်။ Rapid Action Battalion – RAB အဖွဲ့က သူတို့ မသင်္ကာဖြစ်တဲ့ Farabi Shafiur Rahman ကို Dhaka မှာ ဒီကနေ့ မနက်မှာပဲ ဖမ်းလိုက်တာပါ။

ဖမ်းခံရတဲ့ Mr. Farabi ဟာ ဘာသာရေး အယူစွဲပြင်းတဲ့ blog ရေးသားသူဖြစ်ပြီး အသတ်ခံရတဲ့ Mr. Roy ကို Facebook နဲ့ Twitter လူမှုကွန်ယက်တွေပေါ်မှာ မှတ်ချက်ရေး တုံ့ပြန်ပြီး ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ RAB ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကို ပြောပါတယ်။

Roy ကို သတ်ပစ်ဖို့က Bangalee Muslim တွေ၊ ဘာသာရေးအတွက် လုပ်ရမယ့် သမိုင်းပေးတာဝန် ဖြစ်တယ်လို့ သူ့ရဲ့ facebook စာမျက်နှာမှာ မနှစ်က ရေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထုတ်ဝေတဲ့ The Daily Star သတင်းစာမှာ သတင်းဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား အမေရိကန် နိုင်ငံသား Avijit Roy နဲ့ ဇနီးဖြစ်သူ Rafida Ahmed တို့ဟာ ဒါကာတက္ကသိုလ်မှာ ကျင်းပတဲ့ စာအုပ်ပြပွဲတခုကနေ ပြန်လာပြီးတဲ့နောက် ကြာသပတေးနေ့ညပိုင်းမှာ တိုက်ခိုက်ခံရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ကိုယ်တိုင်ကလည်း ဘလော့ဂါတဦးဖြစ်တဲ့ ဇနီးဖြစ်သူ Ahmed က ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပြီး ဆေးရုံတင်ထားရဆဲပါပဲ။ မူဆလင်အများစု နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွတ်လပ်စွာ တွေးခေါ် စဉ်းစားတာကို အားပေးတဲ့ ဘာသာရေးကင်း စာရေးသူတွေကို တိုက်ခိုက်တာတွေ အခုနှစ်ပိုင်းတွေအတွင်း ဆက်တိုက် ပြုလုပ်လာတာမှာ အခု တိုက်ခိုက်မှုက နောက်ဆုံးဖြစ်ပွားသွားတာပါ။

XS
SM
MD
LG