သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် တရားသူကြီးချုပ်အိမ် ဗုံးကွဲ


ဘင်္ဂလားဒေ့ရှ် တရားသူကြီးချုပ်အိမ် ဗုံးကွဲ
ဘင်္ဂလားဒေ့ရှ် တရားသူကြီးချုပ်အိမ် ဗုံးကွဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားသူကြီးချုပ်ရဲ့ နေအိမ်ဝင်းထဲမှာ အငယ်စား ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပေမဲ့ အထိအခိုက် မရှိဘူးလို့ ရဲတွေက ပြောပါတယ်။ ဖောက်ခွဲရေး သမားတွေက အဲဒီဗုံးတွေကို လမ်းပေါ်ကနေ ပစ်သွင်းခဲ့ဟန် တူတယ်လို့လည်း ဆိုပါတယ်။ အဲဒီအချိန်မှာ တရားသူကြီး ခိုင်ရူးလ် ဟပ်ခ် (Khairul Haque) က အိမ်ထဲမှာ ရှိနေခဲ့ပါတယ်။

စစ်တပ်ပိုင်အိမ်မှာ နေထိုင်နေတဲ့ အတိုက်အခံ ခေါင်းဆောင်လည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်တဲ့ ခါလီဒါ ဇီယာ (Khaleda Zia) ကို အစိုးရက နေအိမ်ကနေ ဖယ်ရှားခိုင်းမှုမှာ တရားသူကြီး ဟပ်ခ်က တားဆီးဖို့ ငြင်းဆိုခဲ့ပြီးနောက် ၅ ရက်အကြာမှာ အခုလို ဗုံးပေါက်ကွဲခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း ဇီယာကို ထောက်ခံသူတွေက အောက်တရားရုံးက ချမှတ်ခဲ့တဲ့ နေအိမ်က ရွှေ့ပြောင်းပေးရေး ဆုံးဖြတ်ချက်ကို ဟပ်ခ်ရဲ့ အထက်တရားရုံးချုပ်က ပြန်လည်ကြားနာ စစ်ဆေးဖို့ လျှောက်ထားခဲ့ပါတယ်။

မစ်စ် ဇီယာက သူမကို နှစ်ပေါင်း ၄၀ ခန့် နေထိုင်ခဲ့တဲ့ အိမ်ကနေ ပြောင်းရွှေ့ဖို့ စနေနေ့က ရဲတပ်ဖွဲ့တွေက အတင်းအကျပ် ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

မစ်စ် ဇီယာရဲ့ နေရှင်နယ်လစ်ပါတီက သူမကို ထောက်ခံသူတွေက အခုလို ရွှေ့ပြောင်းခိုင်းမှုနဲ့ ပတ်သက်လို့ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ဒါကာမြို့ထဲ ဆန့်ကျင် ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG