သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးခွဲမှုအတွက် စစ်သွေးကြွ ၈ ဦး ဘင်္ဂလားဒေ့ရှ်မှာ သေဒဏ် စီရင်ချက်ချ


အစ္စလာမ်မစ် ဂျီဟတ် စစ်သွေးကြွခေါင်းဆောင် Mufti Abdul Hannan (ဒု-ယာအစွန်)
အစ္စလာမ်မစ် ဂျီဟတ် စစ်သွေးကြွခေါင်းဆောင် Mufti Abdul Hannan (ဒု-ယာအစွန်)
ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ နှစ်သစ်ကူး ပွဲတော် ကျင်းပနေတာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အစ္စလန် စစ်သွေးကြွအဖွဲ့ထဲက ၈ ယောက်ကို ဘင်္ဂလားဒက်ရှ် တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

၂၀၀၁ ခုနှစ်က ဒက္ကာမှာ ဗုံးဖေါက်ခွဲ တိုက်ခိုက်မှုကြောင့် လူပေါင်း ဆယ်ဦး သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့သူတွေ ဒဏ်ရာရခဲ့ကြတာပါ။

ဘင်္ဂလားဒက်ရှ် တရားရုံးက တနင်္လာနေ့မှာ ၈ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး ၆ ယောက်ကိုတော့ တသက်တကျွန်း ပြစ်ဒဏ် စီရင်ခဲ့ပါတယ်။ စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ Harkatul Jihad အဖွဲ့ခေါင်းဆောင် Mufti Abdul Hannan လည်း သေဒဏ်အချမှတ်ခံရပါတယ်။

နှစ်သစ်ကူးပွဲတော် ကျင်းပတာဟာ အစ္စလာမ် အယူနဲ့ မကိုက်ညီဘူးလို့ ဂျီဟတ်အဖွဲ့က သတ်မှတ်ထားတာပါ။
XS
SM
MD
LG