သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်

ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ကုန်သွယ်ရေးကို တိုးမြှင့်သွားလိုတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် က ပြောပါတယ်။ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်ကြီးများ အသင်း UMFCCI က ဒီဇင်ဘာလ ၅ ရက်နေ့မှာ တည်ခင်းခဲ့တဲ့ ညစာစားပွဲမှာ ဝန်ကြီးချုပ် ရှိက်ဟာဆီနာ (Sheik Hasina) က ခုလို ပြောခဲ့တာပါ။ နှစ်နိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်း ၂ သင်းက ပူးတွဲလုပ်ငန်း ကောင်စီတစ်ရပ်ကို ဖွဲ့စည်းဖို့ နားလည်မှု စာချွန်တော်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရန်ကုန်မြို့ မှာ ရောက်ရှိနေတဲ့ ဝန်ကြီးချုပ်ရဲ့အဖွဲ့မှာ အဖွဲ့ဝင် ၉၀ ပါဝင်ခဲ့တဲ့အနက် ၃၈ ယောက်က စီးပွားရေး လုပ်ငန်းအဖွဲ့တွေ ဖြစ်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဆေးဝါး၊ ရေခဲရိုက် အစားအသောက် ပစ္စည်းအမျိုးမျိုး၊ ဘိလပ်မြေ၊ အသင့်ချုပ်ပြီး အထည်တွေ၊ ပလစ်စတစ် ကုန်ပစ္စည်းတွေနဲ့ ရေချိုးခန်းသုံးပစ္စည်းတွေကို မြန်မာနိုင်ငံကို တင်ပို့ချင်နေပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးကို ၂ နှစ်အတွင်း ၂ ဆတိုးပြီး ဒေါ်လာ သန်းပေါင်း ၄၀၀ အထိ တိုးမြှင့်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက မျှော်လင့်ထားကြောင်း ရိုက်တာ သတင်းက ဆိုပါတယ်။

ဒီကနေ့ ၆ ရက်နေ့မှာ ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အပြင် ဝန်ကြီးဌာန အသီးသီးက ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG