သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့် တရားသူကြီးချုပ် ရာထူးကဆင်းပေးမည်


ဇူလိုင်လ ၃၁ ရက်နေ့က တရားမျှတမှုအတွက် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလူငယ်များ (AP Photo/Rajib Dhar), File)
ဇူလိုင်လ ၃၁ ရက်နေ့က တရားမျှတမှုအတွက် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလူငယ်များ (AP Photo/Rajib Dhar), File)

ဘင်္ဂလားဒေရှ့်နိုင်ငံ တရားသူကြီးချုပ် ရာထူးကနေ နှုတ်ထွက်ပေးဖို့ သဘောတူလိုက်ပါတယ်။ ရာထူးကနေ ဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ခန့်အပ်ခဲ့တဲ့ တရားသူကြီးချုပ် Obaidul Hassan အနေနဲ့ တာဝန်ကနေ နှုတ်ထွက်ပေးဖို့ ဒါကာမြို့တော် တရားရုံးချုပ်ရှေ့ကို ကျောင်းသား ဆန္ဒပြသူတွေ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပြီးနောက် တရားသူကြီးချုပ်က အခုလို သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်သတင်းတွေမှာ ဖော်ပြပါတယ်။

တာဝန်ကနေ ၁ နာရီအတွင်း နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာပါ။ ဝန်ကြီးချုပ်ဟောင်း Hasina ကို သစ္စာခံသူလို့ဆိုတဲ့ Obaidul Hassan ကို ၂၀၂၃ ခုနှစ်က တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာပါ။ တရားသူကြီးချုပ်တာဝန်ကနေ နှုတ်ထွက်မှု တရားဝင်ဖြစ်ဖို့ လုပ်စရာတချို့ ရှိနေပြီး ဒီနေ့ညပိုင်းကျရင် သမ္မတကို သူ့အနေနဲ့ နှုတ်ထွက်စာတင်မယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေကို သူက ပြောကြားခဲ့ပါတယ်။

အတိုက်အခံတွေအပေါ် အာဏာရှင်ဆန်ဆန် ဖိနှိပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Hasina အပေါ် ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက် Sheikh Hasina အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ စစ်တပ်ထောက်ခံမှုနဲ့ ဖွဲ့စည်းထားတဲ့ ကြားဖြတ်အစိုးရကို Nobel ငြိမ်းချမ်းရေးဆုရှင် Muhammad Yunus က ဦးဆောင်နေပါတယ်။

ရာနဲ့ချီသေဆုံးပြီး ပဋိပက္ခတွေဖြစ်ခဲ့တဲ့နိုင်ငံမှာ တရားဥပဒေ ပြန်လည်စိုးမိုးအောင် ဦးစားပေးလုပ်မယ်လို့ ဝန်ကြီးချုပ်ရာထူးအဆင့်နဲ့ညီတဲ့ အစိုးရ အကြံပေးအရာရှိချုပ်အဖြစ် ကျမ်းကျိန်ခဲ့တဲ့ Muhammad Yunus က ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းမှု ပြန်လည်ရအောင်လုပ်ပြီး ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်သွားမယ်လို့ သူက ကတိပေးထားပါတယ်။

Forum

XS
SM
MD
LG