ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုက ျမှု အတွက် အဲဒီစက်ရုံအဆောက ်အဦးပိုင်ရှင်က ို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ်နာ းမှာ Sohel Rana ကိုဖမ်းမိတယ်လို ့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အဆောက်အဦးပြိုက ျတဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ပု ိင်ရှင် Rana ပျောက်နေတာဖြစ်ပ ါတယ်။
စနေနေ့တုန်းကလည်း စက်ရုံကအရာရှိ ၂ ယောက်နဲ့ အင်ဂျင်နီယာ ၂ ယောက်ထက်မနည်းကိ ု ဖမ်းဆီးခဲ့ပါတယ် ။ အထည်ချုပ်စက်ရုံ ပါရှိတဲ့ အဆောက်အဦးကြီး ပြိုကျခဲ့မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ စုစုပေါင်း ဖမ်းဆီးထားတာ ၇ ယောက်ရှိသွားပါြ ပီ။
တချိန်တည်းမှာပဲ အဆောက်အဦး ပြိုက ျတဲ့နေရာမှာ မီးလောင်ခဲ့တဲ့အ တွက် ရှာဖွေကယ်ဆယ်ရေး ကို တာဝန်ရှိသူတွေ ယာယီဆိုင်းထားခဲ ့ရပါတယ်။ ပိတ်မိနေတဲ့ အမျိုးသမီးကိုကယ်ဖို့ သံမဏိထုပ်တန်း ကိ ု ဖြတ်ဖို့ကြိုးစာ းနေစဉ် တနင်္ဂနွေနေ့ညက မီးလောင်ခဲ့တာဖြ စ်ပါတယ်။ မီးကြောင့် အဲဒီအမျိုးသမီး သေဆုံးခဲ့ပုံရပြ ီး ကယ်ဆယ်ရေးသမား ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို ့ တာဝန်ရှိသူတွေက ပြောပါတယ်။
စနေနေ့တုန်းကလည်း စက်ရုံကအရာရှိ ၂ ယောက်နဲ့ အင်ဂျင်နီယာ ၂ ယောက်ထက်မနည်းကိ
တချိန်တည်းမှာပဲ အဆောက်အဦး ပြိုက