သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုန်ကန်တဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားတွေ သေဒဏ်ထိ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အသေအပျောက်များခဲ့တဲ့ နယ်ခြားစောင့်တပ်တွင်း ပုန်ကန်မှုကြီးတခုမှာ ပါဝင်ခဲ့သူပေါင်း ၁၅၂ ဦးကို ဒီနေ့ သေဒဏ်ပေးလိုက်ပါတယ်။

တပ်မှူး ၅၀ ကျော်အပါအဝင် လူပေါင်း ၇၄ ဦး သေဆုံးခဲ့ရတဲ့ ၂၀၀၉ ခုနှစ်တုန်းက ဒီတပ်တွင်းပုံကန်မှုမှာ ပတ်သက်သူတွေကို အခုလို သေဒဏ်ပေးတာအပြင်၊ နောက်ထပ် ပတ်သက်သူပေါင်း ၁၅၇ ဦးကိုလည်း တသက်တကျွန်း ထောင်ဒဏ်အဖြစ် Dhaka မြို့တော်ရှိ တရားခုံရုံးတခုက ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီတရားခုံရုံးကပဲ နောက်ထပ် စွပ်စွဲခံထားရသူပေါင်း ၁၇၂ ဦးကိုတော့ အပြစ်မရှိကြောင်း ဆုံးဖြတ်ပေးခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၅၊ ၂၆ ရက်တွေမှာ ၂ ရက်ကြာဖြစ်ခဲ့တဲ့ လစာတိုးရေးနဲ့ အခြားအပြောင်းအလဲတွေ လုပ်ပေးရေး ဒီတပ်တွင်း တောင်းဆိုပုန်ကန်မှုထဲမှာ သတ်ဖြတ်မှု၊ မီးတင်ရှို့မှုတွေနဲ့ လူပေါင်း ၈၀၀ ကျော်ကို ရုံးတင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ အခုလို လူပေါင်းများစွာကို တကြိမ်တည်းမှာ ခုံရုံးတင် စစ်ဆေးတာက တရားမျှတမှု မရှိနိုင်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် Sheikh Hasina နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေ ဖြစ်နေချိန်မှာပဲ ဒီခုံရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။
XS
SM
MD
LG