သုံးရလွယ်ကူစေသည့် Link များ

အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း Roanu ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတမ်းဒေသတွေကို ၀င်ရောက်တိုက်ခတ်ပြီးနောက် စနေနေ့ နေ့လည်ပိုင်းက အားပျော့လာနေပြီ ဖြစ်ပါတယ်။ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက မြို့တွေနဲ့ ကျေးရွာတွေကို ၀င်ရောက် တိုက်ခတ်ခဲ့တာမှာ မြေပြိုမှုတွေ ဖြစ်သွားခဲ့တဲ့အတွက် ဒေသတွင်းမှာ အနည်းဆုံး လူ ၂၄ ဦးလောက် သေဆုံးသွားခဲ့ပါတယ်။

အာဏာပိုင်တွေက မုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့တဲ့အတွက် လူပေါင်း ၅ သိန်းခန့်ဟာ နေရပ်စွန့်ခွာပြီး မုန်တိုင်း ခိုလှုံရေးနေရာတွေမှာ ရွှေ့ပြောင်း နေထိုင်ခဲ့ကြပါ တယ်။ နေမွန်းတည့်ချိန်လောက်က မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ၀င်ရောက်လာတဲ့အချိန်က ၁ နာရီကို ကီလိုမီတာ ၉၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တာကြောင့် သစ်ပင်တွေ အမြစ်ကနေလှန်ပြီး ပြိုလဲကျတာ၊ အိမ်တွေ ပျက်စီးကုန်တဲ့အပြင် လျှပ်စစ်မီးတွေနဲ့ ဆက်သွယ်ရေးတွေလည်း ပြတ်တောက်ကုန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရေးပေါ် ကယ်ဆယ်ရေးဌာနက စနေနေ့ ညနေပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ မုန်တိုင်းကြောင့် တိုင်းပြည်တောင်ပိုင်း ခရိုင် ၇ ခုအတွင်း အနည်းဆုံး လူပေါင်း ၂၄ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ စစ်တကောင်းခရိုင်အတွင်းက Banskhali ဒေသက ကမ်းရိုးတန်း ဒေသမှာ တမံတွေကျိုးပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ Hataya ကျွန်းမှာလည်း ပင်လယ်ရေက ရွာထဲကို ၀င်လာတာကြောင့် ကလေးငယ်တဦး အပါအ၀င် လူ ၃ ဦး ရေနစ်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

လူပေါင်း ၂ သန်းခွဲလောက် ရှိတဲ့ စစ်တကောင်းမြို့ကို ၀င်ထွက်နေတဲ့ လေကြောင်းလိုင်းတွေလည်း ဖျက်သိမ်းထားရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG