သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဖေါက်ပြန်မှု ဘင်္ဂလားဒေ့ရှ်ကျွန်းတခု ပျောက်သွားနိုင်


 ရေကြီးရေလျှံမှုတွေကြောင့် လယ်ကွင်းတွေ ပျက်စီး (J.Owens/VOA)
ရေကြီးရေလျှံမှုတွေကြောင့် လယ်ကွင်းတွေ ပျက်စီး (J.Owens/VOA)

ရာသီဥတုဖောက်ပြန်မှုတွေရဲ့ ရလဒ်ဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးတွေနဲ့ ပင်လယ်ဒီရေလှိုင်းကြီးတွေရဲ့ ဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ့် နိုင်ငံက ကျွန်းတခု ပျောက်ကွယ်သွားနိုင်တဲ့အရေး ကြုံနေရပါတယ်။

ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းမှာရှိတဲ့ Kutubdia ကျွန်းမှာ ပိုမို ဆိုးရွားလာနေတဲ့ ရာသီဥတု အခြေအနေကြောင့် လူမှုအသိုင်းအဝိုင်းတွေ ပျက်ဆီးလာနေသလို၊ ပိုမို ကောင်းမွန်တဲ့ ဘဝတွေမှာ နေထိုင်ခွင့်ရဖို့အတွက် ဒေသခံတွေ အများအပြား တခြား ဘေးကင်းရာ နေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရတာပါ။

ဒါဟာ ကမ္ဘာတဝှမ်း ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု တွေကြောင့် မြေနိမ့်ဒေသတွေမှာ တည်ရှိတဲ့ တိုင်းပြည်တွေက လူ သန်းပေါင်းများစွာရဲ့ အသက်အန္တရာယ် ခြိမ်းခြောက် ခံလာရတဲ့ အခြေအနေ ဖြစ်သလို၊ ဒီအခြေအနေကို Kutubdia ကျွန်းက အရင်ဆုံး သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။

တချိန်က လယ်ကွင်းတွေ စိမ်းစိမ်းစိုစို ရှိခဲ့တဲ့ နေရာတွေမှာ အခုတော့ ရေကြီးရေလျှံမှုတွေကြောင့် ဒီ လယ်ကွင်းတွေ ပျက်စီးပြီး ဆားကွင်းတွေ ဖြစ်သွား ခဲ့သလို၊ ဒီဆားကွင်းတွေဟာလည်း မကြာခဏဆိုသလို ရေကြီးမှုကြောင့် ပျက်စီးရလေ့ ရှိပါတယ်။ တချိန်က ကျေးရွာတွေ နေရာမှာ အခုတော့ တဲအိမ်ငယ် တချို့သာ ရှိတော့တာပါ။ သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့အခါ ကြိုတင်ရှောင်ရှားနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆောင်ရွက်နေတာတွေ ရှိပေမဲ့လို့ ထိရောက်မှုအပိုင်းမှာတော့ အားနည်းနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG