သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘောမီးလောင်မှု ၃၇ ယောက်ထက်မနည်းသေဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူ ၃၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ သုံးထပ်သင်္ဘောအတွင်းပိုင်း မီးလောင်ပျက်စီးမှုမြင်ကွင်း။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၁)
ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူ ၃၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ သုံးထပ်သင်္ဘောအတွင်းပိုင်း မီးလောင်ပျက်စီးမှုမြင်ကွင်း။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၁)

[[Zawgyi/Unicode]]

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းမှာ ခရီးသည်အများအပြား လိုက်ပါလာတဲ့ ကူးတို့ သင်္ဘော မီးလောင်လို့ လူ ၃၇ ယောက်ထက်မနည်း သေဆုံးတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Obhijan 10 သုံးထပ် ကူးတို့သင်္ဘောဟာ ဒါကာမြို့တော်တောင်ဘက် မိုင် ၁၆၀ အကွာလောက်မှာ ရှိတဲ့ တောင်ပိုင်းမြို့ Jhakakathi က Sugandha မြစ်ကြောင်းထဲ သွားနေချိန် ဒီကနေ့မနက်ပိုင်းက ရေလယ်မှာ မီးလောင်ခဲ့တာပါ။

အလောင်း ၃၇ လောင်း ရှာတွေ့ထားပြီး နောက်ထပ်သေဆုံးသူတွေ ရှိနိုင်သေးတဲ့အကြောင်း၊ အများစုက မီးလောင်သေဆုံးတာဖြစ်ပြီး ရေထဲခုန်ချပြီး ရေနစ်သေဆုံးသူတချို့လည်း ရှိတဲ့အကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Moinul Islam က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခရီးသည်တင် ကူးတို့သင်္ဘောတွေကိုပြုပြင် ထိန်းသိမ်းမှု အားနည်းတာ၊ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းနဲ့အညီ မထားနိုင်တာ၊ လူဦးရေ မတန်တဆ တင်လို့ သင်္ဘောနဲ့ ဝန် မမျှတာတွေကြောင့် အလားတူဖြစ်ရပ်မျိုးတွေ မကြာခန ကြုံရလေ့ရှိပါတယ်။

==================

[[Unicode]]







တိုက်ရိုက် လင့်ခ်

==================

XS
SM
MD
LG