ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲရဲ့ အနိုင်အရှုံးစာရင်း ကြိုတင် ထွက်ပေါ်လာတဲ့ တနင်္လာနေ့ စစ်တမ်းတွေအရ လက်ရှိအာဏာရ အဝါမီလိခ် ပါတီက အနိုင်ရနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီ ရလဒ်ဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကို အတိုက်ခံတွေက သပိတ်မှောက်ပြီး ဝင်ရောက် ယှဉ်ပြိုင်မှု မလုပ်ခဲ့ကြလို့ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ပါဝင်မဲပေးသူဦးရေဟာ အလွန်နည်းပါးပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့တိုက်ခိုက်မှုတွေကြောင့် မဲရုံပေါင်း ၁၅၀ ကျော်မှာ မဲပေးနေတာတွေကို ရပ်ဆိုင်းပစ်ခဲ့ရတယ်လို့ အစိုးရတာဝန်ရှိသူ တွေကပြောဆိုပါတယ်။
နိုင်ငံတဝှမ်းမှာ အစိုးရအတိုက်ခံ နိုင်ငံရေးလှုပ်ရှားသူတွေက မဲရုံနဲ့ မဲပုံးတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အကြမ်းဖက် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ရွေးကောက်ပွဲကို အဆင်ပြေပြေ ကျင်းပနိုင်အောင် ထောင်သောင်းနဲ့ချီတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားခဲ့ပေမယ့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲပြုလုပ်ချိန်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို မတားဆီးနိုင်ခဲ့ကြပါဘူး။
အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNP က ဒီရွေးကောက်ပွဲဟာ အဓိပ္ပာယ်မရှိတဲ့၊ ရယ်စရာကောင်းတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်၊ ပြည်သူတွေအနေနဲ့ မဲသွားမပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားခဲ့ ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ မဲဆန္ဒနယ်မြေ ထက်ဝက်ကျော်ကို ဝင်ရောက် ယှဉ်ပြိုင်ပြီး ပြိုင်ဘက်မရှိဖြစ်နေတဲ့ လက်ရှိအာဏာရ အဝါမီလိ ပါတီက ပြိုင်ဖက်မရှိ အနိုင်ရနေတဲ့ အနေအထားဖြစ်နေတာပါ။