သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှိခ်ဟာဆီနာ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆို


ဘင်္ဂလားဒေ့ရှ်သမ္မတ Abdul Hamid (ဝဲ) နဲ့ ဝန်ကြီးချုပ်သစ် Sheikh Hasina (ယာ) တို့အား ကျန်းသစ္စာကျိန်ဆိုပွဲမှာ တွေ့ရစဉ်။ (ဇန်နဝါရီ ၁၂၊ ၂၀၁၄)
ဘင်္ဂလားဒေ့ရှ်သမ္မတ Abdul Hamid (ဝဲ) နဲ့ ဝန်ကြီးချုပ်သစ် Sheikh Hasina (ယာ) တို့အား ကျန်းသစ္စာကျိန်ဆိုပွဲမှာ တွေ့ရစဉ်။ (ဇန်နဝါရီ ၁၂၊ ၂၀၁၄)
ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ဒုတိယသက်တမ်းအတွက် ရှိခ်ဟာဆီနာက တနင်္ဂနွေနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါပြီ။ အနည်းဆုံး လူ ၁၈ ဦး သေဆုံး ခဲ့ရတဲ့ နိုင်ငံရဲ့ အကြမ်းဖက်မှုအဆိုးဆုံး ရွေးကောက်ပွဲတွေထဲက တခုဖြစ်တဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲအပြီး အခုလို ကျမ်းသစ္စာ ကျိန်ဆိုလိုက်တာလည်း ဖြစ်ပါတယ်။

အရင် ဝန်ကြီးချုပ်ဟောင်း Khaleda Zai ဦးဆောင်တဲ့ Bangladesh Nationalist ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ကတည်းက မစ္စ ဟာဆီနာနဲ့ သူမရဲ့အာဏာရ Awami League ပါတီ အနိုင်ရမယ်လို့ သေချာပေါက် တွက်ဆထားပြီးသားလည်း ဖြစ်ပါတယ်။ Awami League ပါတီက ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံရဲ့ မဲဆန္ဒနယ်မြေ တဝက်ကျော်မှာ ကန့်ကွက်သူမရှိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။

ဒီအမျိုးသမီး ၂ ယောက်တို့ဟာ ဘင်္ဂလားဒေရှ့် နိုင်ငံရေးကို ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကို ချယ်လှယ်ခဲ့ကြသူတွေပါ။ ဝန်ကြီးချုပ်ဟာ တဖြည်းဖြည်းချင်း ပိုပြီး ဆိုးလာနေတဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတိုက်အခံတို့က ဆန္ဒမဲကောက်ခံမှု အသစ်လုပ်ဆောင်ဖို့ တောင်းဆိုမှုတွေ ကြီးမားလာတာကြောင့် အခု အစိုးရသစ်ဟာ သက်တမ်းတို နိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

ရှိခ်ဟာဆီနာဟာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် အတွင်းမှာလည်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်ရှင်။
XS
SM
MD
LG