သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ လက်ရှိဝန်ကြီးချုပ် အပြတ်အနိုင်ရရှိ


Bangladesh နိုင်ငံမှာ တနင်္ဂနွေနေ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Sheikh Hasina ရဲ့ညွန့်ပေါင်းအဖွဲ့က အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ဒီကနေ့ကြေညာခဲ့ပါတယ်။

Awami League ပါတီဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့က လွှတ်တော်အမတ် ၃၀၀ မှာ ၂၈၈ နေရာအနိုင်ရခဲ့ပြီး Kamal Hossain ဦးဆောင်တဲ့ အတိုက်အခံအုပ်စုဖက်က ၆ နေရာထက်မနည်းအနိုင်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ဒီရလာဒ်ကို အတိုက်အခံပါတီတွေက အတိုက်အခံ Kamal Hossain ကတော့ ရွေးကောက်ပွဲဟာ ရယ်စရာကောင်းလှပြီး ရလာဒ်တွေကို ပယ်ချမှာဖြစ်တယ်လို့ ပြောကြားခဲ့တဲ့အပြင် ဘက်မလိုက် အခြေအနေအောက်မှာ ရွေးကောက်ပွဲသစ်ကျင်းပပေးဖို့ တောင်းဆိုနေပါတယ်။ မဲလာပေးသူတွေကို အနှောင့်အယှက်ပေးတာနဲ့ မဲမသာမှုတွေရှိတယ်လို့ အတိုက်အခံတွေကပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်ကလည်း လက်ရှိအာဏာရပါတီတွေကို ထောက်ခံသူတွေနဲ့ အတိုက်အခံထောက်ခံသူတွေကြား အကြမ်းဖက်မှုတွေရှိခဲ့ပါတယ်။ အတိုက်အခံပါတီ ထောက်ခံသူတွေကြား ပဋိပက္ခကြောင့် ၁၃ ယောက် သေဆုံးခဲ့သလို မဲရုံလုံခြုံရေးကြေင့်ဆိုပြီး ရဲရဲ့ပစ်ခတ်မှုကြောင့် ၃ ယောက် သေဆုံးခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့က နိုင်ငံတဝန်း လုံခြုံရေးတပ်ဖွဲ့ဝင် ၆ သိန်းလောက်ချထားခဲ့ပါတယ်။ လက်မခံကြပါဘူး။ ဝန်ကြီးချုပ် Hasina အတွက် ဒီအနိုင်ရမှုဟာ တတိယဆက်တိုက် ရွေးကောက်ပွဲအနိုင်ရမှုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG