သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့် အတိုက်ခံပါတီဝင်တွေ ဖမ်းဆီးခံရ


Gono Odhikar Porishod hold a protest calling for free and fair elections, in Dhaka, Bangladesh, Friday, Jan. 5, 2024.
Gono Odhikar Porishod hold a protest calling for free and fair elections, in Dhaka, Bangladesh, Friday, Jan. 5, 2024.

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ၁ ရက်အလိုမှာ အတိုက်အခံ BNP ပါတီဝင် ၇ ဦးကို ရဲကဖမ်းဆီးခဲ့ပါတယ်။ သောကြာနေ့ညက ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တဲ့ မြို့ပတ်ရထားမီးလောင်မှုနဲ့ပတ်သက်လို့ အတိုက်အခံပါတီဝင်တွေကို ဖမ်းဆီးတာလို့ ရဲကပြောပါတယ်။ BNP ပါတီရဲ့ ဒါကာမြို့တော်ဆိုင်ရာ အကြီးတန်းအရာရှိ Nabiullah Nabi နဲ့ တခြား ၆ ဦးတို့ကို ဒီကနေ့မနက် အစောပိုင်းမှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မနှစ် နှစ်ကုန်ပိုင်းကစလို့ အခုလို ရထားမီးလောင်မှုတွေ မကြာခန ဖြစ်ပွားခဲ့တာမှာ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) က ရွေးကောက်ပွဲ ပျက်လိုပျက်ဆီးဖြစ်အောင် တမင် ရည်ရွယ်လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲ ပြောဆိုထားပါတယ်။ BNP ပါတီကတော့ ဒီစွပ်စွဲချက်ကို လုံးဝပယ်ချထားပြီး မီးလောင်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာက ဘက်မလိုက် စုံစမ်းဖို့ တောင်းဆိုထားပါတယ်။

ဇန်နဝါရီလ ၇ ရက် မနက်ဖြန်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ လက်ရှိအာဏာရ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ အာဏာသက်တမ်း ထပ်တိုးနိုင်အောင်လုပ်ဆောင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်ဆိုပြီး BNP အပါအဝင် တခြား ဒါဇင်နဲ့ချီတဲ့ အတိုက်အခံပါတီတွေက သပိတ်မှောက်ထားကြပါတယ်။

XS
SM
MD
LG