သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကျော့ပြန်အနိုင်ရမှု တရားဝင်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော


Student protesters carry a colleague who fainted during a protest in Letpadan, Myanmar, March 10, 2015.
Student protesters carry a colleague who fainted during a protest in Letpadan, Myanmar, March 10, 2015.
ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲအပေါ် အတိုက်အခံတွေက သပိတ်မှောက်တာ၊ အကြမ်းဖက်မှုတွေရှိခဲ့တာ၊ မဲပေးသူအရေအတွက် နည်းလွန်းတာတွေ ရှိခဲ့ပေမဲ့လည်း သူ ပြန်အရွေးခံရတာဟာ တရားဝင်တယ်လို့ ဝန်ကြီးချုပ် Sheikh Hasina က ပြောပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း လက်ရှိအာဏာရ Awami League ပါတီက အမတ်နေရာ စုစုပေါင်း ၃၀၀ ရှိတဲ့အထဲက ၃ ပုံ ၂ ပုံကို အနိုင်ရလိုက်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

အတိုက်အခံပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့အတွက် Awami League ပါတီက ကိုယ်စားလှယ်လောင်းတွေဟာ မဲဆန္ဒနယ် ထက်ဝက်ကျော်မှာ ပြိုင်ဖက်မရှိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။

သူတို့ပါတီအနိုင်ရမှုအပေါ် အပြစ်ပြောစရာ ခိုင်လုံတဲ့အကြောင်းမရှိဘူးလို့
ရွေးကောက်ပွဲ အနိုင်ရရှိမှုအပေါ် ဝန်ကြီးချုပ် Hasina က ခုခံ ပြောကြားခဲ့ပါ တယ်။ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။
XS
SM
MD
LG