သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်စက်ရုံပေါက်ကွဲ ၆ ဦးသေ


ဘင်္ဂလားဒေ့ရှ်စက်ရုံပေါက်ကွဲ ၆ ဦးသေ
ဘင်္ဂလားဒေ့ရှ်စက်ရုံပေါက်ကွဲ ၆ ဦးသေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပိုးသတ်ဆေးထုတ်လုပ်တဲ့ စက်ရုံတခုမှာ ပေါက်ကွဲမှုတခု ဖြစ်ပြီး မီးလောင်ခဲ့တာကြောင့် လူ ၆ ယောက် ထက်မနည်း သေဆုံးသွားပါတယ်။

ဒါကာမြို့တော်မှာရှိတဲ့ Good Knight စက်ရုံကနေ သောကြာနေ့နှောင်းပိုင်းက မီးတောက်ကြီးတွေ ထွက်လာခဲ့တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။ မီးလောင်ရာနေရာကနေ မီးကျွမ်းနေတဲ့ အလောင်း ၆ ခု ပြန်ရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အဘူ နေအင်းမ် မိုဟမ်မေးဒ် ရှာဟီဒူလာက ပြောပါတယ်။

မီးလောင်တဲ့အချိန်တုန်းက စက်ရုံထဲမှာ အလုပ်သမား ၁၂ ယောက်ရှိနေတယ်လို့ သူက ပြောပါတယ်။ သက်တမ်းကုန်နေတဲ့ ဓာတ်ငွေ့ဘူးတွေ အပါအဝင် ပိုးသတ်ဆေး ကုန်ပစ္စည်းတွေကို အလုပ်သမားတွေ စပြီး ဖျက်ဆီးတဲ့အချိန်မှာ မီးလောင်ခဲ့တာဖြစ်တယ်လို့ ရှာဟီဒူလာက ဂျာမန်သတင်းဌာနကို ပြောပါတယ်။

XS
SM
MD
LG