သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

၂၅ ဦးသေဆုံးတဲ့ ဘင်္ဂလားဒေ့ရှ်ရုံး အဆောက်အဦ မီးလောင်မှု ရာဇဝတ်မှုနဲ့တရားစွဲမည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့က စီးပွားရေးအချက်အခြာကျတဲ့နေရာက မီးလောင်နေတဲ့ အဆောက်အဦးတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်ပေးနေတဲ့ ရဟတ်ယာဉ်။(မတ် ၂၈၊ ၂၀၁၉)

Bangladesh နိုင်ငံမှာ လူပေါင်း ၂၅ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ အဆောက်အဦး မီးလောင်မှုနဲ့ ပတ်သက်လို့ ရာဇဝတ်မှုနဲ့ တရားစွဲမယ်လို့ အိုးအိမ်ဌာနက ပြောလိုက်ပါ တယ်။ မီးလောင်ခဲ့တဲ့ အဆောက်အဦး ရဲ့ အပေါ် ၄ ထပ်ကို တရားဝင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတာဖြစ်ပါတယ်။

တိုက်အထပ်တွေ တိုးတာနဲ့ တခြားဆောက်လုပ်ရေးဆိုင်ရာ ချိုးဖောက်မှုတွေမှာ ပတ်သက် နေ တဲ့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေကိုလည်း ဖော်ထုတ်အရေးယူသွားမယ်လို့ အိုးအိမ် ဝန်ကြီး S.M. Rezaul Karim က ကတိပြုခဲ့ပါ တယ်။ Bangladesh နိုင်ငံမှာ ခွင့်ပြုထားတဲ့ အထပ်ထက် ပိုပြီးဆောက်ထားကြတဲ့ အဆောက်အဦးတွေ အမြောက်အများရှိပါတယ်။

Dhaka မြို့တော်ထဲက စီးပွားရေးအချက်အချာကျတဲ့ ရပ်ကွက်မှာ FR Tower ဆိုတဲ့ အထပ်မြင့်အဆောက်အဦး ကြာသပတေးနေ့က မီးလောင်ခဲ့တာဖြစ်ပါတယ်။ အဆောက် အဦးထဲမှာ လူတွေဟာ နာရီအတော်ကြာအောင် ပိတ်မိနေခဲ့ကြပါတယ်။ သေဆုံးသူ ၂၅ ယောက်အထိတိုးခဲ့ပြီး ၁ ယောက်ကလွဲလို့ ကျန်တဲ့သူအားလုံး ဘယ်သူ ဘယ်ဝါဖြစ်တယ် ဆိုတာ အတည်ပြုနိုင်တယ်လို့ Dhaka မြို့တော်ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီးက AP သတင်း ဌာန ကို ပြောကြားခဲ့ပါတယ်။

မိသားစုဝင်တွေပေးကြတဲ့ အချက်အလက်တွေအရ ပျောက်ဆုံးနေသူ ကျန်တော့ပုံ မရပေမဲ့ သေချာအောင် လိုက်လံ ရှာဖွေနေတယ်လို့ သူကပြောပါတယ်။ ဒဏ်ရာရသူ ၇၀ လောက် ရှိပြီး အများစုဟာ မီးလောင်ဒဏ်ရာ တွေနဲ့ ကုသမှုခံယူနေကြပါတယ်။

လုံခြုံစိတ်ချမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေအတိုင်း လိုက်နာခြင်းမရှိတဲ့ အဆောက် အဦးတွေ အများအပြား ရှိနေတဲ့ Bangladesh နိုင်ငံမှာ ခုလို လူတွေသေဆုံးရတဲ့ မီးလောင်ကျွမ်းမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG