ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီး မြေပြိုမှုအတွင်း သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၁၁၀ ဦး ထက်မနည်း ရှိနေပြီလို့ သိရပါတယ်။
စစ်တကောင်းဆိပ်ကမ်း ပတ်ဝန်းကျင်တဝိုက်၊ Cox's Bazaar နဲ့ ဘန်ဒါဘန် ဒေသတဝိုက်မှာ ရက်ပေါင်း အတန်ကြာ မိုးသီးထန်စွာ ရွာသွန်းခဲ့မှုကြောင့် နေစရာ ထိုင်စရာမရှိ ဖြစ်နေသူတွေက ၆၀,၀၀၀ လောက် ရှိနေတယ်လို့ ဆိုပါတယ်။
မြေပြိုကျမှုကတော့ မြို့အစွန်အဖျား လူနေတဲတွေ ရှိတဲ့နေရာမှာ ဖြစ်ပွားခဲ့တာပါ။ အင်္ဂါနေ့ ညဘက် လူတွေ အိပ်ပျော်နေတဲ့ အချိန်မှာ ဖြစ်ပွားခဲ့ပြီး ကလေးငယ်တွေလည်း အများအပြားပါဝင်တယ်လို့ ဆိုပါတယ်။
စစ်တကောင်းနဲ့ တခြားအရပ်ဒေသတွေ ဆက်သွယ်ထားတဲ့ ရထားလမ်းတွေ အများစုကို အင်္ဂါနေ့မှာ ဖြတ်တောက် ထားခဲ့လိုက်ရပါတယ်။ ဒါပေမယ့် ပြည်တွင်းသွား လေကြောင်းခရီးစဉ် အများစုကိုတော့ ပြန်ပြေးဆွဲနေပြီလို့ သိရပါတယ်။
အာဏာပိုင်တွေက ဘေးဒုက္ခ ရောက်နေသူတွေကို အစားအစာနဲ့ သောက်ရေတွေ ထောက်ပံ့ ပေးနေရကြောင်း သိရပါတယ်။