သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့် ရေကြီးမှု ၄၀ ကျော်သေဆုံး


ဘင်္ဂလားဒေရှ့် ရေကြီးမှု ၄၀ ကျော်သေဆုံး (AFP)
ဘင်္ဂလားဒေရှ့် ရေကြီးမှု ၄၀ ကျော်သေဆုံး (AFP)

ဘင်္ဂလားဒေရှ့် နိုင်ငံမှာ မိုးကြီးပြီး မြေပြိုတာကြောင့် အနည်းဆုံး ၄၃ ဦး သေဆုံးခဲ့ပါတယ်။ နိုင်ငံ အရှေ့တောင်ပိုင်းက ကုန်းမြင့်ဒေသတွေမှာ ရှာဖွေ ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေတာနဲ့ အတူ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ အင်္ဂါနေ့မှာ သတိပေးထားပါတယ်။

မနေ့ တနလာၤနေ့က စပြီး မိုးရွာခဲ့ပြီးနောက် မြေပြိုပြီး အိမ်တွေကို ဖုံးလွှမ်းကုန်တာ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ နယ်စပ်မှာ ရှိတဲ့ Rangamati ဒေသမှာ အဆိုးရွားဆုံး ခံစားနေရပါတယ်။ ဘင်္ဂလားဒေရှ့ အရှေ့တောင်ပိုင်း ဒေသမှာ ပြီးခဲ့တဲ့ လကလည်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် လူ ၇ ဦး သေဆုံးပြီး အိမ်ပေါင်း သောင်းနဲ့ချီ ပျက်စီးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG