သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူတရာကျော်သေဆုံးတဲ့ ဘင်္ဂလားဒေ့ရ်ှမီးလောင်မှု တရားရုံးစစ်ဆေး


ဘင်္ဂလားဒေ့ရှ်က မီးလောင်ပျက်စီးသွားတဲ့ အထည်ချုပ်စက်ရုံအတွင်းမှာ လှည့်လည်ကြည့်ရှုနေတဲ့ မီးသတ်သမားတစ်ဦး။
ဘင်္ဂလားဒေ့ရှ်က မီးလောင်ပျက်စီးသွားတဲ့ အထည်ချုပ်စက်ရုံအတွင်းမှာ လှည့်လည်ကြည့်ရှုနေတဲ့ မီးသတ်သမားတစ်ဦး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မနှစ်က လူ ၁၁၁ ယောက်သေဆုံးခဲ့ရတဲ့ အထည်ချုပ် စက်ရုံ မီးလောင်မှုနဲ့ပတ်သက်ပြီး စက်ရုံပိုင်ရှင် ၂ ယောက်နဲ့ ဝန်ထမ်း ၁၁ ယောက်ကို မီးအန္တရာယ်ပေါ့ဆမှုနဲ့ လူသေဆုံးမှုမှာအပြစ်မကင်းတဲ့ အမှုတွေနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်ပါပြီ။

စက်ရုံပိုင်ရှင် Delawar Hossain နဲ့ ဇနီး၊ မီးပေါ့ဆမှုမှာတာဝန်ရှိတဲ့ လုံခြုံရေး အစောင့်တွေနဲ့ မန်နေဂျာတွေကို ရဲတပ်ဖွဲ့က တရားစွဲဆို လိုက်တာပါ။ ကမ္ဘာ့အထည်ချုပ်လုပ်ငန်းမှာ ဒုတိယအများဆုံးထုတ်လုပ်တဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံ မှာ အာဏာပိုင်တွေက စက်ရုံပိုင်ရှင်ကို ပထမဆုံးအကြိမ်အဖြစ် အခုလို အရေးယူတာ ဖြစ်ပါတယ်။

မြို့တော် ဒါကာမြို့ပြင်ရှိ အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စိတ်ချရအောင်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ကြောင်း စီရင်ချက်ချခဲ့မယ်ဆိုရင် တနင်္ဂနွေနေ့က စွဲချက်တင်လိုက်တဲ့ ၁၃ ဦးဟာ ထောင်ဒဏ်တသက်ထိ ကျခံနိုင်ဖွယ်ရှိတယ်လို့ ပြည်သူ့ ဥပဒေအကျိုးဆောင် Anwarul Kabir Babul ကပြောပါတယ်။

အဲဒီစက်ရုံဟာ အမေရိကန် Wal-Mart ကုန်တိုက်ကြီးတွေအပါအဝင် ကမ္ဘာတဝန်း နံမည်ကြီး ကုမ္မဏီတွေအတွက် အဝတ်အထည်တွေ ထုတ်လုပ်ပေးခဲ့ပေမယ့် စက်ရုံမှာ အရေးပေါ်ထွက်ပေါက်မရှိသလို မီးသတ်ကားတွေဝင်နိုင်တဲ့ လမ်းမကြီပေါ်မှာမဟုတ်ဘဲ ကျဉ်းမြောင်းလှတဲ့ လမ်းမြောင်ကြားထဲမှာ စက်ရုံတည်ဆောက်ထားတာလို့ Mr. Babul ကပြောပါတယ်။
XS
SM
MD
LG