[ Zawgyi / Unicode ]
အစၥလာမ္အစြန္းေရာက္ Hefazat-e-Islam အဖြဲ႔ထဲက ထင္ရွားတဲ့ ေခါင္းေဆာင္တဦး ျဖစ္တဲ့ Mamunul Haque ကုိ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကားၿမဳိ႕ေတာ္မွာ ရဲေတြက ဖမ္းဆီးထားပါတယ္။ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီရဲ႕ ၿပီးခဲ့တဲ့လ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ခရီးစဥ္အတြင္း သူ႔အဖြဲ႔က ဦးေဆာင္မႈနဲ႔ အၾကမ္းဖက္ ဆႏၵျပတာေတြ ေပၚ ေပါက္ ခဲ့တာပါ။ ဆႏၵျပပဲြအတြင္း ရဲနဲ႔ ရုန္းရင္းဆန္ခတ္ ျဖစ္တာေၾကာင့္ အစြန္းေရာက္အဖြဲ႔ကို ေထာက္ခံသူ အနည္းဆုံး (၁၇)ဦး ေသဆုံးခဲ့ရပါတယ္။
Hefazat-e-Islam ကုိေတာ့ အၾကမ္းဖက္ ဆႏၵျပပဲြျဖစ္ေအာင္ လႈံ႔ေဆာ္ခဲ့မႈနဲ႔ စဲြခ်က္တင္ထားတယ္လို႔ ရဲအရာရွိေတြက တနဂၤေႏြေန႔မွာ ေျပာေပမယ့္ ဝန္ႀကီးခ်ဳပ္မိုဒီ ခရီးစဥ္နဲ႔ ဆက္စပ္မႈ ရွိမရွိဆုိတာကို ရဲက ရွင္းရွင္းလင္းလင္း မေျပာခဲ့ပါဘူး။
Hefazat-e-Islam အဖြဲ႔ဟာ ႏိုင္ငံေရးပါတီ မဟုတ္ဘူးလို႔ အဖြဲ႔က ေျပာပါတယ္။ ဒါေပမဲ့ သူတို႔ေခါင္းေဆာင္ရဲ႕ ေဟာၾကားခ်က္ထဲမွာ တိုင္းျပည္ရဲ႕ ႏိုင္ငံေရးအေျခအေနေတြကို ပုံမွန္ဆုိသလို ထည့္သြင္း ေျပာဆိုေလ့ ရွိၿပီး ၊ လူဦးေရး သန္း(၁၆၀)ေက်ာ္ရွိတဲ့ ဘဂၤလားေဒ့ရွ္လို မူဆလင္ႏိုင္ငံႀကီးမွာ အစၥလမ္ေတာ္လွန္ေရးအတြက္ ေထာက္ခံအားေပးတဲ့ ေဟာေျပာမႈေတြ လုပ္ေနတာပါ။
ဒါ့အျပင္ တမန္ေတာ္ မုိဟာမက္ရဲ႕ အယူအဆကို ဆန္႔က်င္သူေတြကုိ ေသဒဏ္ခ်မယ္ဆိုတဲ့ ဥပေဒမ်ဳိး ျပဌာန္းေပးရမယ္လို႔ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာဆီနာ အစိုးရကိုလည္း Hefazat-e-Islam အဖြဲ႔က ၿခိမ္းေျခာက္ ေျပာဆိုထားပါတယ္။
[ Unicode ]
အစ္စလာမ်မစ် အစွန်းရောက်ခေါင်းဆောင်ကို ဘင်္ဂလားရဲဖမ်းဆီး
အစ္စလာမ်အစွန်းရောက် Hefazat-e-Islam အဖွဲ့ထဲက ထင်ရှားတဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ Mamunul Haque ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကားမြို့တော်မှာ ရဲတွေက ဖမ်းဆီးထားပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ပြီးခဲ့တဲ့လ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း သူ့အဖွဲ့က ဦးဆောင်မှုနဲ့ အကြမ်းဖက် ဆန္ဒပြတာတွေ ပေါ် ပေါက် ခဲ့တာပါ။ ဆန္ဒပြပွဲအတွင်း ရဲနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်တာကြောင့် အစွန်းရောက်အဖွဲ့ကို ထောက်ခံသူ အနည်းဆုံး (၁၇)ဦး သေဆုံးခဲ့ရပါတယ်။
Hefazat-e-Islam ကိုတော့ အကြမ်းဖက် ဆန္ဒပြပွဲဖြစ်အောင် လှုံ့ဆော်ခဲ့မှုနဲ့ စွဲချက်တင်ထားတယ်လို့ ရဲအရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောပေမယ့် ဝန်ကြီးချုပ်မိုဒီ ခရီးစဉ်နဲ့ ဆက်စပ်မှု ရှိမရှိဆိုတာကို ရဲက ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။
Hefazat-e-Islam အဖွဲ့ဟာ နိုင်ငံရေးပါတီ မဟုတ်ဘူးလို့ အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ သူတို့ခေါင်းဆောင်ရဲ့ ဟောကြားချက်ထဲမှာ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေကို ပုံမှန်ဆိုသလို ထည့်သွင်း ပြောဆိုလေ့ ရှိပြီး ၊ လူဦးရေး သန်း(၁၆၀)ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်လို မူဆလင်နိုင်ငံကြီးမှာ အစ္စလမ်တော်လှန်ရေးအတွက် ထောက်ခံအားပေးတဲ့ ဟောပြောမှုတွေ လုပ်နေတာပါ။
ဒါ့အပြင် တမန်တော် မိုဟာမက်ရဲ့ အယူအဆကို ဆန့်ကျင်သူတွေကို သေဒဏ်ချမယ်ဆိုတဲ့ ဥပဒေမျိုး ပြဌာန်းပေးရမယ်လို့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အစိုးရကိုလည်း Hefazat-e-Islam အဖွဲ့က ခြိမ်းခြောက် ပြောဆိုထားပါတယ်။