သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစၥလာမၼစ္ စစ္ေသြးႂကြ ၈ ဦးကို လူသတ္မႈနဲ႔ ဘဂၤလားေဒ့ရွ္ စြဲခ်က္တင္


ဘဂၤလားေဒ့ရွ္ တရား႐ုံးခ်ဳပ္အျပင္ဘက္တြင္ လုံၿခဳံေရးယူေနသည့္ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ဇြန္ ၁၇၊ ၂၀၁၅)

ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ၂၀၁၅ ခုႏွစ္က ဘာသာေရး မစြက္ဖက္တဲ့ ႏုိင္ငံေရးနဲ႔ ဖန္ဆင္းရွင္ ဘုရားသခင္ကို မကိုးကြယ္ျခင္းအေၾကာင္း စာအုပ္ေတြ ထုတ္ေ၀သူတဦးကို သတ္ျဖတ္မႈမွာ တားျမစ္ပိတ္ပင္ထားတဲ့ အစၥလာမၼစ္ စစ္ေသြးႂကြေတြနဲ႔ ဆက္စပ္ေနတယ္လို႔ သံသယရွိသူ ၈ ဦးကို ဒါကာၿမိဳ႕ေတာ္ တရား႐ုံးတ႐ုံးက စြဲခ်က္တင္လိုက္ပါတယ္။

အၾကမ္းဖက္မႈတိုက္ဖ်က္ေရး အထူးခံု႐ုံး တရားသူႀကီး Majibur Rahman ဖတ္ျပခဲ့တဲ့ စြဲခ်က္မွာေတာ့ အျပစ္မရွိဘူးလို႔ ျငင္းဆန္သူ ၆ ဦး ပါ၀င္ၿပီး စစ္ဗိုလ္ေဟာင္းတဦး အပါအ၀င္ တိမ္းေရွာင္ေနသူ ၂ ဦးကိုလည္း ဖမ္း၀ရမ္း ထုတ္ထားပါတယ္။ ဒီလူေတြဟာ တားျမစ္ပိတ္ပင္ထားတဲ့ ျပည္တြင္း စစ္ေသြးႂကြ Ansar al Islam အဖြဲ႔၀င္ေတြ ျဖစ္တယ္လို႔ ရဲတပ္ဖြဲ႔ဘက္က ေျပာဆိုထားပါတယ္။

သံသယရွိသူ စစ္ေသြးႂကြေတြဟာ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလတုန္းက စာအုပ္ထုတ္ေ၀သူ Faisal Abedin Deepan ကို ခုတ္သတ္ခဲ့ၿပီး တေန႔တည္းမွာပဲ တျခား ထုတ္ေ၀သူတဦးျဖစ္တဲ့ Ahmed Rashid Tutul ဟာလည္း တိုက္ခိုက္ခံခဲ့ရပါတယ္။

ဒီထုတ္ေ၀သူ ၂ ဦးစလံုးက ဘဂၤလားေဒ့ရွ္ႏြယ္ဖြား အေမရိကန္ စာေရးဆရာ ဘေလာ့ဂါ Avijit Roy ရဲ႕ စာအုပ္ေတြကို ထုတ္ေ၀ခဲ့ၾကၿပီး Avijit Roy ဟာလည္း ၂၀၁၅ ခုႏွစ္ ေဖေဖာ္၀ါရီလက ဓားနဲ႔ခုတ္ခံရလို႔ ေသဆံုးခဲ့ရပါတယ္။

--------------------------------

(Unicode)

အစ္စလာမ္မစ် စစ်သွေးကြွ ၈ ဦးကို လူသတ်မှုနဲ့ ဘင်္ဂလားဒေ့ရှ် စွဲချက်တင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က ဘာသာရေး မစွက်ဖက်တဲ့ နိုင်ငံရေးနဲ့ ဖန်ဆင်းရှင် ဘုရားသခင်ကို မကိုးကွယ်ခြင်းအကြောင်း စာအုပ်တွေ ထုတ်ဝေသူတဦးကို သတ်ဖြတ်မှုမှာ တားမြစ်ပိတ်ပင်ထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိသူ ၈ ဦးကို ဒါကာမြို့တော် တရားရုံးတရုံးက စွဲချက်တင်လိုက်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးခုံရုံး တရားသူကြီး Majibur Rahman ဖတ်ပြခဲ့တဲ့ စွဲချက်မှာတော့ အပြစ်မရှိဘူးလို့ ငြင်းဆန်သူ ၆ ဦး ပါဝင်ပြီး စစ်ဗိုလ်ဟောင်းတဦး အပါအဝင် တိမ်းရှောင်နေသူ ၂ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ထားပါတယ်။ ဒီလူတွေဟာ တားမြစ်ပိတ်ပင်ထားတဲ့ ပြည်တွင်း စစ်သွေးကြွ Ansar al Islam အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားပါတယ်။

သံသယရှိသူ စစ်သွေးကြွတွေဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလတုန်းက စာအုပ်ထုတ်ဝေသူ Faisal Abedin Deepan ကို ခုတ်သတ်ခဲ့ပြီး တနေ့တည်းမှာပဲ တခြား ထုတ်ဝေသူတဦးဖြစ်တဲ့ Ahmed Rashid Tutul ဟာလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီထုတ်ဝေသူ ၂ ဦးစလုံးက ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန် စာရေးဆရာ ဘလော့ဂါ Avijit Roy ရဲ့ စာအုပ်တွေကို ထုတ်ဝေခဲ့ကြပြီး Avijit Roy ဟာလည်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ဓားနဲ့ခုတ်ခံရလို့ သေဆုံးခဲ့ရပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG