သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးမယ့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး


အင်ဒိုနီးရှားနိုင်ငံကို ရေကြောင်းကနေ ထွက်ခွာကြမယ့် ရိုဟင်ဂျာဒုက္ခသည်တွေကို ဖမ်းဆီးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဒီကနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ စစ်လှေစီးဖို့ Tanak မြို့က ဆိပ်ကမ်းရှိရာကို ဦးတည်သွားနေတဲ့ ဒုက္ခသည်စခန်းတွေက ထွက်လာကြသူ ရိုဟင်ဂျာဒုက္ခသည် ၅၈ ယောက်ကို သောကြာနေ့က ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလို ထွက်ခွာကြမယ့် ဒုက္ခသည်တချို့ဟာ လှေပေါမှာ လိုက်ပါခွင့်ရဖို့အတွက် တယောက်ကို အမေရိကန်ဒေါလာ ၁၀၀၀ စီလောက်အထိ ပေးကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တချို့က AFP သတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၁၇ ခုနှစ်အတွင်း အကြမ်းဖက် နှိမ်နှင်းမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သိန်းချီ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲချို့တဲ့စွာ နေထိုင်နေကြရတာကြောင့် ခက်ခဲကြမ်းတမ်းတဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ထွက်ပြေးနေကြတာပါ။

နိုဝင်ဘာ တစ်လထဲမှာတင် လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၁၀၀ လောက် အင်ဒိုနီးရှားနိုင်ငံအနောက်ဘက်ခြမ်း Aceh ကမ်းခြေကို ရောက်လာတဲ့အတွက် နောက်ထပ် ရောက်လာမယ့်သူတွေကို ကမ်းကပ်ခွင့်မရအောင် အင်ဒိုနီးရှားရဲတပ်ဖွဲ့နဲ့ တံငါသည်တွေက အဲဒီဒေသမှာ စတင်ကင်းလှည့်နေကြတယ်လို့ ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ Aceh ဒေသ အရှေ့ဘက်ကမ်းခြေကို မကပ်နိုင်အောင် သူတို့အနေနဲ့ ၂၄ နာရီပတ်လုံး အချိန်ပြည့် ကင်းလှည့်နေတယ်လို့ ဒီဒေသရဲ့ ရဲမှူးဖြစ်သူ Andy Rahmansyah ရဲ့အပြောကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။ သောကြာနေ့ညတုန်းကလည်း Muara Batu မြို့နဲ့ ၂ မိုင်လောက်ဝေးတဲ့ ကမ်းလွန်ပင်လယ်ပြင်ထဲမှာ ရိုဟင်ဂျာတွေတင်လာတဲ့ လှေကို တွေ့ခဲ့ရတယ် Aceh ဒေသမြောက်ပိုင်းဒေသခံတွေက ပြောပါတယ်။ အဲဒီစက်လှေ ကမ်းကပ်လို့ မရအောင် တံငါသည်တွေ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ပေါင်းပြီး မြင်ကွင်းကပျောက်ကွယ်သွားတဲ့အထိ စောင့်ကြည့် ကင်းလှည့်နေခဲ့ကြတယ်လို့ ပြောပါတယ်။

XS
SM
MD
LG