သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှ Islamic ခေါင်းဆောင်ကို ကွပ်မျက်


ဘင်္ဂလားဒေ့ရ်ှ Islamic ခေါင်းဆောင်ကို ကွပ်မျက်
ဘင်္ဂလားဒေ့ရ်ှ Islamic ခေါင်းဆောင်ကို ကွပ်မျက်

၁၉၇၁ ခုနှစ် ပါကစ္စတန်နိုင်ငံကနေခွဲထွက်မယ့် လွပ်လပ်ရေးတိုက်ပွဲကာလအတွင်း ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ အစ္စလာမ်မစ် ထိပ်တန်းခေါင်းဆောင်တယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကွပ်မျက်လိုက်ပါတယ်။ အသက် ၇၃ နှစ်အရွယ်၊ Jamaat-e-Islami ပါတီခေါင်းဆောင် Motiur Rahman Nizami ကို ဗုဓ္ဒဟူးနေ့အစောပိုင်းက Dhaka ဗဟိုအကျည်းထောင်မှာ ကြိုးပေးကွပ်မျက်လိုက်တာလို့ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကပြောပါတယ်။ ပြီးခဲ့တဲ့ ကွပ်မျက်မှုတွေအပြီး ဆန့်ကျင်ကန့်ကွက်မှုတွေဖြစ်ပွါးခဲ့သလိုမျိုး နောက်ထပ် ဆန္ဒပြမှုတွေဖြစ်ပါွးမလာအောင် အာဏာပိုင်တွေက နိုင်ငံတဝှမ်း လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ကိုးလကျော်ကြာဖြစ်ပွါးခဲ့တဲ့ စစ်ပွဲကာလအတွင်း Nizami အပေါ် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ မီးရှို့မှုတွေ အပါအဝင်စွဲချက် ၈ ခုနဲ့ ၂၀၁၄ ခုနှစ်အတွင်း ခုံရုံးဖွဲ့စစ်ဆေးခဲ့တာပါ။ သူကတော့ စွဲချက်အားလုံးကိုကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့ပါတယ်။

အဲ့ဒီကာလတုန်းက အရှေ့ပါကစ္စတန်လို့ခေါ်ပြီး လွပ်လပ်ရေးရပြီးတဲ့နောက် Bangladesh လို့နာမည်တွင်ခဲ့တဲ့ဒေသမှာဖြစ်ပွါးခဲ့တဲ့ ကိုးလကြာ စစ်ပွဲကာလအတွင်း ပါကစ္စတန်စစ်သားတွေကို ဒေသခံတွေက ပူးပေါင်းကူညီခဲ့တဲ့ပြီး လူပေါင်း၃ သန်းကိုသတ်ဖြတ်ခဲ့ရုံမက၊ အမျိုးသမီးပေါင်း ၂ သိန်းကို အဓ္ဓမပြုကျင့်ခဲ့သလို လူပေါင်း ၁၀ သန်းကိုလည်း နေရပ်စွန့်ခွါထွက်ပြေးစေခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကပြောပါတယ်။

XS
SM
MD
LG